𝟐𝟎𝟐𝟒 -𝟐𝟓 ရာသီရဲ့ အသက်ငယ်ငယ် ရွယ်ရွယ် နဲ့ အကောင်းဆုံးဖြစ်နေတဲ့ ကစားသမား ၅ ယောက်

အခုနောက်ပိုင်းဘောလုံးလောကမှာ အသင်းအကုန်လုံးနီးပါးရဲ့ နည်းပြတွေကလည်း အရင်ခုနှစ်တွေထက် လူငယ်ကစားသမား တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။ အသက်အရွယ်နဲ့ မလိုက်ဖက်တဲ့ ခြေစွမ်းမျိုးတွေကို ပြသနိုင်ခဲ့ကြပြီး တစ်ဦးချင်းဆုတွေထဲမှာ အကြီးကျယ်အခမ်းနားဆုံးဖြစ်တဲ့ ဘောလွန်းဒီအော ဆု မှာတောင် လူငယ်ကစားသမားတွေပဲ နေရာရရှိလာခဲ့တာပဲဖြစ်ပါတယ်။ ကျွန်တော်တို့လို ဘောလုံး ဝါသနာရှင်တွေ အတွက် တစ်ရာသီ ကုန်ပြီး နောက်ရာသီကြရင် ဘယ်လူငယ်ကစားသမားတွေ က ဘယ်အသင်းကနေထွက်ပေါ် လာမလဲ ဆိုတာ စောင့်ကြည့်လာခဲ့ရပါတယ်။ 𝟐𝟎𝟐𝟒-𝟐𝟓 ရာသီမှာလည်း လူငယ်ကစားသမားကောင်းများစွာ ပေါ်ထွက်လာခဲ့ပြီး ကလပ် အသင်းအတွက်ရော နိုင်ငံ အသင်းအတွက်ပါ အများကြီး အကျိုးပြုနေတာပဲဖြစ်ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမှာကတော့ 𝟐𝟎𝟐𝟒-𝟐𝟓 ရာသီ ရဲ့ အသက်အရွယ်ငယ်ငယ် လေးနဲ့ အကောင်းဆုံးခြေစွမ်းပြသနေတဲ့ ကစားသမား 𝟏𝟎 ယောက် အကြောင်းပဲဖြစ်ပါတယ်။
𝟏.ကူဘာစီ
ကမ္ဘာပေါ်ရှိ အကောင်းဆုံး အကယ်ဒမီတွေထဲ ကတစ်ခုဖြစ်တဲ့ လာမာစီယာ အကယ်ဒမီထွက် ကစားသမား ဖြစ်တဲ့ ကူဘာစီ က အသက် 𝟏𝟕 နှစ်လေးနဲ့ ဘာစီလိုနာလို အသင်းကြီးရဲ့ ဗဟို ခံစစ်မှူးနေရာ တစ်နေရာကို အပိုင်စားရရှိခဲ့တာပဲဖြစ်ပါတယ်။ကူဘာစီက ဝါရင့်နောက်ခံလူ အင်နီကို မားတီးနက် နဲ့ အကောင်းဆုံးတွဲဖက် ကစားကာ ဘာစီလိုနာ အသင်းရဲ့ ခံစစ်ကြောင်းကို ပိုမို တောင့်တင်းလာခဲ့ပါတယ်။ ကူဘာစီက တည်တည်ငြိမ်ငြိမ်နဲ့ ဝါရင့် သဘာရင့် ကစားသမား တစ်ယောက်လို အကောင်းဆုံး ကစားနေခဲ့တာပဲဖြစ်ပါတယ်။
𝟐 . ဂျူ့ ဘယ်လင်ဟမ်
ရီးရဲလ် မက်ဒရစ် အသင်းမှာ ရော လူငယ်ကြယ်ပွင့် ကစားသမားတွေများပြားလှတဲ့ အင်္ဂလန် အသင်းမှာ ရော ပွဲထွက်ခွင့် တစ်နေရာ အပိုင်ရရှိထားတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျူ့ဘယ်လင်ဟမ် ကတော့ အသက် 𝟐𝟏 နှစ် အရွယ်သာရှိသေးပါတယ်။ ဘယ်လင်ဟမ်က သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေနဲ့ သူ့ရဲ့ အရေးပါမှုကို မနှစ်ကရာသီက ကလပ် အသင်းမှာရော နိုင်ငံအသင်းမှာရော ပြသခဲ့ပြီးပြီးဖြစ်ပါတယ်။
𝟑. ဂျာအို နားပတ်
မနှစ်က ရာသီမှ ဘင်ဖီကာ အသင်း ကနေ 𝐏𝐒𝐆 ပြောင်းရွှေ့လာခဲ့တဲ့ ဂျာအို နားပတ် ကတော့ အသက် 𝟐𝟎 သာရှိသေးပါတယ်။ အသက်အရွယ်နဲ့ မလိုက်တဲ့ခြေစွမ်းကို ဘင်ဖီကာ အသင်းမှာထဲတကမ္ဘာလုံးကို ပြသပြီးတာပဲဖြစ်ပါတယ်။𝐏𝐒𝐆 အသင်းရဲ့ ကွင်းလယ် တစ်ခုလုံးကို လုပ်အားနှုန်း ကောင်းကောင်းနဲ့ ထိန်းချုပ်ကစားနေတာပဲဖြစ်ပါတယ်။
𝟒. ဖရောဒန် ဝှစ့်
ဂျာမန် ဘွန်ဒက်စလီဂါမှာ ကြီးစိုးနေတဲ့ ဘာယန်မြူးနစ် အသင်းကို ကျော်ပြီး ရှုံးပွဲမရှိစံချိန်နဲ့ ချန်ပီယံ ဆုကို သိမ်းပိုက်ခဲ့တဲ့ လေဗာကူဆင် ရဲ့ လူစာရင်းမှာ အသက် 𝟐𝟏 နှစ်သာရှိသေးတဲ့ ဖရောဒန် ဝှစ့် က အကောင်းဆုံးခြေစွမ်းပြပြီး အသင်းရဲ့ မရှိမဖြစ်ကစားသမား တစ်ယောက်လဲဖြစ်ခဲ့ပါတယ်။ လက်ရှိ 𝟐𝟎𝟐𝟒-𝟐𝟓 ရာသီမှာလဲ အသင်းအတွက် အကောင်ဆုံးခြေစွမ်းပြကာ အသင်းကိုအများကြီးထမ်တင်နေတဲ့ ကစားသမား တစ်ယောက်လဲဖြစ်ပါတယ်။
𝟓. လမိုင်းရာမယ်
အသက် 𝟏𝟕 နှစ်အရွယ်နဲ့ နိုင်ငံ အသင်း အတွက် ရော ဘာစီလိုနာ အသင်းအတွက်ရော အဓိက 𝐊𝐄𝐘 𝐏𝐋𝐀𝐘𝐄𝐑 ဖြစ်လာတဲ့ လမိုင်းရာမယ် ရဲ့ ခြေစွမ်းတွေက တစ်နေ့ထက် တစ်နေ့ ပိုမို တိုးတက်လာတာကို တွေ့ မြင်နေရတာပဲဖြစ်ပါတယ်။ လာမိုင်းရာမယ် က ဘာစီလိုနာ ရဲ့ မျှော်လင့်ချက်တစ်ခုလဲ ဖြစ်လာခဲ့ပါတယ်။ ရာမယ် က ရာဖင်ညာ ၊ လီဝန်ဒေါစကီး တို့လို ဝါရင့် ကစားသမားတွေနဲ့ အတူတူ ကြမ်းပြ ရမ်းပြ နေတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။
ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ အသက်အရွယ်နဲ့ မလိုက်အောင် ကောင်းမွန်တဲ့ ခြေစွမ်းတွေကို ပြသနိုင်တဲ့ ကစားသမား𝟓 ယောက် အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီ တိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ
ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"
#MMMedia
#paucubarsi
#judebellingham
#joãoneves
#florianwirtz
#lamineyamal
LATEST NEWS




Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo