ပက်ထရို နက်တိုကို ခေါ်ယူခဲ့တာ ချယ်ဆီး ရဲ့ မှန်ကန်တဲ့ လုပ်ရပ်လား

ချယ်ဆီး အသင်းမှာ အီဒင် ဟာဇက် အသင်းကထွက်ခွာသွားကတည်းက တောင်ပံနေရာတွေကနေ အသင်းကို အများကြီး အကျိုးပြုနိုင်ပြီး ပြိုင်ဘက် အသင်းကို ကောင်းကောင်း ဒုက္ခပေးနိုင်တဲ့ ကစားသမား ဆိုတာမျိုးကို မတွေ့ရတော့ပါဘူး။ ရာဟင် စတာလင် တို့လို အတွေ့အကြုံတစ်ခုထိရှိပြီး ပရီးမီးယားလိဂ်မှာ အသားကျပြီးသား ကစားသမားတွေကို ခေါ်ယူခဲ့ပေမယ့် အဆင်မပြေခဲ့ဘူး။ မီခဲလို မူဒရစ် လို အရည်အသွေးပြည့်ဝပြီး အလားအလာကောင်းတွေအများကြီး ပိုင်ဆိုင်ထားတဲ့ လူငယ်ကစားသမားကို လန်ဒန်ပြိုင်ဘက် အာဆင်နယ် အသင်းနဲ့ အဓိကပြိုင်ဆိုင်ပြီးပြောင်းရွှေ့ကြေးအမြောက်အများသုံးစွဲကာမျှော်လင့်ချက်ကြီးကြီးမားမားနဲ့ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ ချယ်ဆီး မျှော်လင့်ချက်ကြီးကြီးမားမားထားပြီး တောင်ပံနေရာတွေအတွက် ခေါ်ယူခဲ့ပေမယ့် ဘယ်ကစားသမားကမှ အသင်းကို အကျိုးမပြုနိုင်ခဲ့ပါဘူး ။ တောင်ပံ ကစားသမား အင်အားဖြည့်တင်းရမယ့် ချယ်ဆီး အသင်းက ဒီနှစ်ဘောလုံးရာသီ မစခင် ဝုစ်ဘာဟမ်တန် အသင်းမှာ အထူးခြေစွမ်းပြနေတဲ့ ပေါ်တူဂီကစားသမား ပက်ဒရို နက်တို ကို ခေါ်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။
နက်တို ကို ချယ်ဆီး အသင်းက ဘာသတင်းမှ မထွက်ပဲ ရုတ်တရက်ကြီး ခေါ်ယူနိုင်ခဲ့ကြောင်းကြေညာခဲ့တာပဲဖြစ်ပါတယ်။ နက်တို သူ့ရဲ့ အားသာချက်ဖြစ်တဲ့ လျင်မြန်တဲ့ပြေးနှုန်းတွေ ၊ ကောင်းမွန်တဲ့ ဘောလုံးဆွဲပြေးမှုတွေ ၊ လှပသေသပ်တဲ့ ဖြတ်တင်ဘောတွေ ၊ မမောမပန်းနိုင် အသင်းအတွက်ပေးဆပ်ကစားတာတွေက ချယ်ဆီး အသင်းအတွက် အများကြီး အထောက်အကူဖြစ်စေခဲ့ပါတယ်။ နက်တို က ညာတောင်ပံ မှာ ကစားတာ အားသန်တဲ့ ကစားသမား တစ်ဦးဖြစ်ပေမယ့် အသင်းကလိုအပ်ရင်လိုအပ်သလို ဘယ်တောင်ပံမှာ ထွက်ကစားခဲ့ရတဲ့ ပွဲစဥ်တွေလည်း မနည်းပါဘူး။အထောင်တိုက်စစ် ကစားသမားတွေ အကုန် ဒဏ်ရာရရှိသွားတဲ့ အချိန်မှာလည်း အထောင်တိုက်စစ်နေရာကို ဝင်ရောက်ကစားခဲ့ပြီး သူ့ရဲ့ လျင်မြန်တဲ့ ပြေးနှုန်းတွေနဲ့ အခြားကစားသမားတွေ အတွက် SPACE တော်တော်များများကို ရှာဖွေပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အသင်းကရှုံးရှုံးနိုင်နိုင် ၊ နက်တို ရဲ့ ခြေစွမ်းမကောင်းတဲ့ပွဲစဥ်တွေမှာတောင် အသင်းအတွက် ရေကုန်ရေခမ်း မခိုမကပ် ကစားပေးတာနဲ့တင် နက်တိုကို အပြစ်ပြောလို့မရပါဘူး။ နက်တို က ပွဲကြီးတိုးတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အသင်းကြီးတွေနဲ့ တွေ့တိုင်း ခြေစွမ်းကောင်းတွေ အမြဲလိုလိုပြသတက်ပြီး သွင်းဂိုးတွေ ဂိုးဖန်တီးမှု ပုံမှန်လုပ်ပေးတက်တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ် ။
Data MB ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းရဲ့ ညာတောင်ပံ ကစားသမား ပက်ဒရို နက်တိုဟာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ်မှာ တိကျ သေချာတဲ့ ဖြတ်တင်ဘော ကို ၄၇ ကြိမ်အထိ ပေးနိုင်ခဲ့ပြီး ဒါဟာ ဒီနှစ် ပရီးမီယားလိဂ်မှာ တိကျဖြတ်တင်ဘောအများဆုံး ပြုလုပ်ထားနိုင်တာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းက နက်တို ဆီကနေ ကစားသမားတစ်ယောက်ဆီက ရသင့်ရထိုက်တာထက် ပိုမို ရရှိနေတာပဲဖြစ်ပါတယ်။ နက်တိုလို အမြဲတမ်းကြိုးစားပြီး အသင်းအတွက်ပေးဆပ်ချင်စိတ် အပြည့်အဝ ရှိတဲ့ ကစားသမားကို ခေါ်ယူနိုင်ခဲ့တာက ချယ်ဆီး အသင်းအတွက်တော့ တကယ့်ကို အပေါင်းလက္ခဏာဆောင်တဲ့ ကိစ္စတစ်ခုဖြစ်တယ်လို့ပြောရင်း ဒီမှာပဲ အဆုံးသတ်ပါရစေ ။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#pedroneto
#chelsea
#winger
#wolverhampton
#premierleague
LATEST NEWS



