ပရီးမီးယားလိဂ်သမိုင်းတစ်လျောက်ပြောင်းရွှေ့ကြေးအများဆုံးဖြစ်ခဲ့တဲ့ အပြောင်းအရွှေ့ ၆ ခု

ကမ္ဘာ့ဘောလုံးလောကမှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး နဲ့ လူစိတ်ဝင်စားမှု အပြည့်အဝ ရရှိထားတာကတော့ အင်္ဂလန် ပရီးမီးယားလိဂ်ပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကို လူစိတ်ဝင်စားတဲ့ အကြောင်းအရင်း ကတော့ ပရီးမီးယားလိဂ် အသင်းတိုင်းက ကိုယ့် အသင်းကိုအကောင်းဆုံးပြင်ဆင်ပြီး ဆုဖလားတွေကို အမြဲလိုလို စိန်ခေါ်တက်တာကြောင့်ပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်လို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိဂ်မျိုးမှာ အသင်းကြီး တစ်သင်းအဖြစ် ရေရှည်ရပ်တည်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး ။ အဲ့တာကြောင့်ပဲ အသင်းတိုင်းက သူတို့အသင်းရဲ့ လိုအပ်ချက်တွေကို အမြဲလိုလို စမ်းစစ်ပြီး ပြောင်းလဲပြင်ဆင်မှုတွေကို ပြုလုပ်တက်ပါတယ် ။ အသင်းကြီးတစ်သင်း ဆုဖလားတွေ အမြဲလိုလို စိန်ခေါ်နိုင်ဖို့ဆိုတာ အရည်အသွေးမြင့်ကစားသမားတွေကို လိုအပ်ပါတယ်။ ပရီးမီးယားလိဂ် အသင်းကြီးတော်တော်များများက အသင်းရဲ့ လူအင်အားတောင့်တင်းစေရန် အတွက် အပြောင်းအရွှေ့ဈေးကွက်မှာ သူတို့လိုချင်တဲ့ ကစားသမားဆိုရင် ပြောင်းရွှေ့ကြေး အမြောက်အများပေးပြီး ခေါ်ယူတက်ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမှာကတော့ပရီးမီးယားလိဂ်သမိုင်းတစ်လျောက်ပြောင်းရွှေ့ကြေးအများဆုံးဖြစ်ခဲ့တဲ့ အပြောင်းအရွှေ့ ၆ ခု အကြောင်းပဲဖြစ်ပါတယ်။
ပထမဆုံးတစ်ခုကတော့ လူကာကူပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းက တိုက်စစ်မှူး ပြသာနာကို ကြုံတွေနေခဲ့ရတာကြောင့် သူတို့ရဲ့ ကစားသမားဟောင်းလဲဖြစ် ပရီးမီးယားလိဂ်နဲ့ အသားကျပြီးသားလဲဖြစ်ပြီး အင်တာမီလန်အသင်းမှာခြေစွမ်း အထူးပြနေတဲ့ လူကာကူကို ပြောင်းရွှေ့ကြေး ယူရို ၁၁၃ သန်းအထိပေးချေခဲ့ရတာပဲဖြစ်ပါတယ်။ အသက် ၃၅ ကပ်နေတဲ့ ကစားသမား တစ်ယောက်ကို ပြောင်းရွှေ့ကြေးအမြောက်အများသုံးပြီးမျှော်လင့်ချက်ကြီးကြီးမားမား ထားခဲ့ပေမယ့် ချယ်ဆီး အသင်းအတွက်တော့ ပြောင်းရွှေ့ကြေးနဲ့ တစ်စက်မှ မထိုက်တန်တဲ့ ကစားသမားဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ ဝက်ဟမ်း အသင်းကနေ အာဆင်နယ် အသင်း မရမက ခေါ်ယူခဲ့တဲ့ ဒီကရန်ရိုက်စ် ပဲဖြစ်ပါတယ်။ အာဆင်နယ် အသင်းက သူတို့ရဲ့ တည်ငြိမ်မှု မရှိတဲ့ ကွင်းလယ်နေရာအတွက် ဝက်ဟမ်း အသင်းရဲ့ အင်္ဂလန် ကစားသမား ဒီကရန် ရိုက်ကို ပြောင်းရွှေ့ကြေး ယူရို ၁၁၆ သန်းအထိ သုံးစွဲပြီးခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ စာချုပ်သက်တမ်း ၁ နှစ်သာကျန်တော့တဲ့ ကစားသမားကို ပြောင်းရွှေ့ကြေး အများအပြားသုံးပြီးခေါ်ယူခဲ့ပေမယ့် ရိုက်စ် ဆီက ပြန်ရရှိတဲ့ ခြေစွမ်းကပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တာကြောင့် ဆိုးဝါးတဲ့ ခေါ်ယူမှုတော့ မဖြစ်ခဲ့ပါဘူး။ နောက်ထပ်နှစ်ယောက်ကတော့ ချယ်ဆီး အသင်းရဲ့ ကွင်းလယ် အင်ဂျင်နှစ်လုံးဖြစ်တဲ့ ကိုင်စီဒို နဲ့ အန်ဇိုဖာနန်ဒက်တို့ပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်း ကသူတို့ရဲ့ ကွင်းလယ်ကို အကောင်းဆုံးပြင်ဆင်နိုင်ဖို့ နဲ့ သွေးသစ်လောင်းဖို့အတွက် ပြောင်းရွှေ့ကြေးတော်တော်လေးကို သုံးခဲ့တဲ့အသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။အဲ့ဆုံးဖြတ်ချက်ကမှန်ကန်တယ်လို့ပြောရမယ်။ ပြောင်းရွှေ့ကြေး အမြောက်အများသုံးပြီး ခေါ်ယူခဲ့တဲ့ ကွင်းလယ် အင်ဂျင်နှစ်လုံးကြောင့် ချယ်ဆီး အသင်းအခုချိန်မှာတော်တော်လေးကိုအဆင်ပြေနေခဲ့တာပဲဖြစ်ပါတယ်။ ကိုင်စီဒိုကို ချယ်ဆီး အသင်းကပြောင်းရွှေ့ကြေး ယူရို ၁၁၆ သန်းအထိပေးခဲ့ရပေမယ့် ကစားသမားဆီက ထိုက်သင့်တာထက်ပိုတဲ့ ခြေစွမ်းမျိုးကို ပြန်ရရှိခဲ့တာပဲဖြစ်ပါတယ်။ အန်ဇိုဖာနန်ဒက် က ကမ္ဘာ့ဖလား ပြိုင်ပွဲမှာပြသခဲ့တဲ့ ကြောက်စရာကောင်းတဲ့ ခြေစွမ်းကြောင့် ချယ်ဆီး အသင်းကပြောင်းရွှေ့ကြေး ယူရို ၁၂၁ သန်းအထိပေးချေခဲ့ရပါတယ်။
ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပြီး ချယ်ဆီး အသင်းကိုလည်း အများကြီး အကျိုးပြုနေတဲ့ ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ် ။ နောက်တစ်ယောက်ကတော့ ဂရီးလစ်ပဲဖြစ်ပါတယ်။ အက်စတွန်ဗီလာ အသင်းနဲ့ အတူ အကောင်းဆုံးတောက်ပလာခဲ့တဲ့ ဂျက် ဂရီးလစ် က မန်စီးတီး အသင်းရဲ့ တော်ကောက်ခြင်းကို ခံခဲ့ရတယ် ။ မန်စီးတီး အသင်း က ဂရီးလစ် အတွက် အက်စတွန်ဗီလာ အသင်းကို ပြောင်းရွှေ့ကြေး ယူရို ၁၁၇ သန်းလောက်အထိပေးချေခဲ့ရပေမယ့် သူ့ဆီကပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကိုတော့ မရရှိခဲ့ပါဘူး ။ နောက်ဆုံးတစ်ယောက်ကတော့ ဖလော်ရီယန်ဗာ့ဇ် ပဲဖြစ်ပါတယ်။ ဒီနှစ် အပြောင်းအရွှေ့ဈေးကွက်မှာမှ လီပါပူး အသင်းရဲ့ အံ့ဩစရာပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ ကစားသမား ပဲဖြစ်ပါတယ်။ ဖလော်ရီယန်ဗာ့ဇ် အတွက် လီပါပူး အသင်းက ယူရို ၁၂၅ သန်းနဲ့ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ ဖလော်ရီယန်ဗာ့ဇ် တစ်ယောက် ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ပါ့မလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#premierleague
#romelulukaku
#declanrice
#moisescaicedo
#enzofernandez
#jackgrealish
#florianwirtz
LATEST NEWS

𝐂𝐡𝐞𝐥𝐬𝐞𝐚 𝐕𝐬 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥 (post-match review)

Discussions begin to allow up to three teams from top leagues to enter the upcoming UEFA Champions League

𝐋𝐚𝐦𝐢𝐧𝐞 𝐘𝐚𝐦𝐚𝐥 to miss 5 matches due to injury

𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝 𝐕𝐬 𝐒𝐮𝐧𝐝𝐞𝐫𝐥𝐚𝐧𝐝 ( Match Preview )