ကြယ်စင်စုကစားသမားတွေ နဲ့ဖွဲ့စည်းထားတဲ့ လက်ရှိရီးရဲလ်မက်ထရစ် ရဲ့ တိုက်စစ်အတွဲ

ကြယ်စင်စု အသင်းလို့ လူတိုင်းသိကြတဲ့ ရီးရဲလ်မက်ဒရစ် အသင်း က ပြင်သစ်နိုင်ငံ အသင်းခေါင်းဆောင် အမ်ဘာပေ ကို သူတို့ရဲ့ ဘာနေဗျူး ကွင်း ဆီ သို့ အရောက်ခေါ်နိုင်ခဲ့ပါတယ်။ အရင်ထဲ ကထိန်းမနိုင်အောင် ကောင်းနေပြီးသား ဘရာဇီး ညီနောင်နှစ်ပါးဖြစ်တဲ့ ရိုဒရီကို နဲ့ ဗီနီးရှက်စ် တို့လို အလွန်လျင်မြန်တဲ့ ကစားသမား တွေရှိပြီးသား ရီးရဲလ် မတ်ဒရစ် အသင်း က အကောင်းဆုံးလူငယ်တိုက်စစ်မှုးလည်းဖြစ်ပြီး အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ပြင်သစ် အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်တဲ့ အမ်ဘာဘေ ကို ခေါ်ယူခဲ့ပြီး အသင်းရဲ့တိုက်စစ်ကို ပြောင်းလဲမှူပြုလုပ်ခဲ့ပာတယတယ်။ ရီးရဲလ်မက်ဒရစ် အသင်းက အသက်အရွယ်ငယ်ပြီး ခြေစွမ်းခြေဆ ကောင်းမွန်းတဲ့ တိုက်စစ် ကစားသမား သုံးယောက်ကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။
ရီးရဲလ် မက်ဒရစ် အသင်းက ပြီးခဲ့တဲ့ ၁၀ စုနှစ် တစ်ခုလုံး ဥရောပ ကို လွှမ်းမိုးထားခဲ့ပြီး နောက် ၁၀ စုနှစ်တစ်ခုကို ဆက်လက် ကြီးစိုးနိုင်ဖို့ အတွက် အမ်ဘာပေ ကိုခေါ်ယူခဲ့ပြီး သူတို့ရဲ့ အကောင်းဆုံးနဲ့ ဒေါင်ဒေါင်မြည် တိုက်စစ် အတွဲ ကို ဖန်တီးနိုင်ခဲ့ပါတယ်။ အမ်ဘာပေ ၊ ရိုဒရီကိုနဲ့ ဗီးနီရှက်စ် တို့ရဲ့တိုက်စစ် အတွဲက စစချင်းအချိန်တွေမှာ အဆင်မပြေမှုတွေရှိပေမယ့် အခုနောက်ပိုင်းပွဲစဥ်တွေမှာ ရီးရဲလ် အသင်းရဲ့ တိုက်စစ်အတွဲ က အချိတ်အဆက် မိမိနဲ့ ပိုမို မြိုင်ဆိုင်လာတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ရီးရဲမက်ဒရစ် အသင်းက သူ တို့ရဲ့ တိုက်စစ် အတွဲက ပုံစံကောင်းတွေပြလာတာနဲ့ အမျှ အသင်းရဲ့ နိုင်ပွဲတွေကလဲ ဆက်တိုက်ဆိုသလို ရရှိလာခဲ့တာပဲဖြစ်ပါတယ်။ ဘာပေ ၊ ရိုဒရီကို ၊ ဗီးနီးရှက် တို့ ရဲ့ တိုက်စစ် အတွဲ က တဖြည်းဖြည်းနဲ့ အချိတ်အဆက် ပိုပိုမိလာခဲ့ပြီး အသင်းတိုင်းကြောက်ရပြီး အလွန်လျင်မြန်တဲ့ တိုက်စစ် အတွဲဖြစ်လာခဲ့ပါတယ်။ ဒီရာသီ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ တိုက်စစ် ကစားသမား ဖြစ်တဲ့ အပ်ဘာပေ က လာလီဂါ မှာ ၁၅ ဂိုးအထိ သွင်း ၊ ၂ ဂိုးအထိ ဖန်တီးထားနိုင်ခဲ့ပါတယ်။ နောက်ထပ်ကစားသမား တစ်ဦးဖြစ်တဲ့ ရိုဒရီကို ကတော့ လာလီဂါ သွင်းဂိုးပေါင်း ၆ ဂိုးသွင်းနိုင်ခဲ့ပြီး ၅ ဂိုးအထိ ဂိုးဖန်တီးမှူ ပြုလုပ်နိုင်ခဲ့ပါတယ်။
ဗီနီးရှပ် ဂျူနီယာ ကတော့ ၈ ဂိုးအထိ သွင်းနိုင်ခဲ့ပြီး ၅ ဂိုးအထိ ဂိုးဖန်တီးမှု ပြုလုပ်က အသင်းတွက် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဘာပေ ၊ ရိုဒရီကို ၊ ဗီးနီးရှက် တို့တိုက်စစ် အတွဲ ကစားတာကြည့်ရတာက အရင် ခေတ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ တိုက်စစ်အတွဲ ဖြစ်တဲ့ 𝐁𝐁𝐂 တိုက်စစ် အတွဲ ကိုပြန်မြင်နေရသလိုပါပဲ ။ ဘာပေ ၊ ဗီးနီးရှက် နဲ့ ရိုဒရီကို တို့ က အသက်အရွယ်က ငယ်ပေမယ့် အသက်အရွယ်နဲ့ မလိုက်တဲ့ ခြေစွမ်းတွေနဲ့ အတူ ရီးရဲလ် အသင်းကို အများကြီး အထောက်အကူဖြစ်စေပါတယ်။ ရောက်ရောက်ချင်း ရာသီ အစမှာ အမ်ဘာပေ က ခြေစွမ်းမတည်မငြိမ် ဖြစ်နေခဲ့ပေမယ့် အခုနောက်ပိုင်းပွဲစဥ် တွေမှာတော့ သူ့ရဲ့ အကောင်းဆုံး ပုံစံတွေကို ပြန်လည်ရရှိခဲ့ပြီး ရီးရဲလ် အသင်းရဲ့ တိုက်စစ်မှာ အထိုင်ကျပြီးသား ဗီးနီးရှက် ၊ရိုဒရီကို တို့နဲ့ တွဲဖက်ကစားကာ ရီးရဲလ် အသင်းရဲ့ တိုက်စစ် က 𝐎𝐧 𝐅𝐢𝐫𝐞 ဖြစ်လာခဲ့ပါတယ်။ အခုလက်ရှိ ရီးရဲလ် မက်ဒရစ်အသင်း ပိုင်ဆိုင်ထားတဲ့ တိုက်စစ် အတွဲ က အရင် က ရီးရဲလ် မက်ဒရစ် ပိုင်ဆိုင်ထားတဲ့ 𝐁𝐁𝐂 တိုက်စစ်အတွဲ လောက် ရီးရဲလ်မက်ဒရစ် အသင်း ဆုဖလားတွေသိမ်းပိုက်ရာမှာ အရေးပါပါ့မလား ။
အခုလက်ရှိ ရီးရဲလ် မက်ဒရစ်ရဲ့ တိုက်စစ်အတွဲကရော ဆုဖလားအောင်မြင်မှုတွေကို ဘယ်လောက်ထိသိမ်းပိုက်နိုင်မလဲ ၊ အရင် 𝐁𝐁𝐂တိုက်စစ်အတွဲထက်ကောင်းတဲ့ကမ္ဘာအကောင်းဆုံးတိုက်စစ်အတွဲတစ်တွဲဖြစ်လာမလား ပရိတ်သတ်တွေရောဘယ်လိုထင်လဲ ပရိတ်သတ်တွေရဲ့ အမြင်ကို 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါအုံး။အဆုံးထိဝင်ရောက်ကြည့်ရှူပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
"〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ
ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"
#MMMedia
#realmadrid
#attacking
#mbappe
#Rodrigo
#Vinicius
LATEST NEWS




Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo