ရီးရဲလ်မက်ဒရစ် အသင်း ခေါ်ယူဖို့ကြိုးစားခဲ့ဖူးတဲ့ လက်ရှိအကောင်းဆုံး ဘယ်နောက်ခံကစားသမား

လက်ရှိဘောလုံး လောက တစ်ခုလုံး ရဲ့ အကောင်းဆုံး ဘယ်နောက်ခံ ကစားသမားဆိုရင် နူနို မန်ဒက်စ် ကိုပဲ ပြေးမြင်မိတယ် ။ အခြားကောင်းတဲ့ ဘယ်နောက်ခံကစားသမားတွေရှိပေမယ့် နူနို မန်ဒက်စ် လောက် အသင်းကို အပြည့်အဝ အကျိုးမပြုနိုင်ဘူးလို့ထင်တယ် ။ နူနို မန်ဒက်စ် ဘယ်လောက်ကောင်းလဲဆိုတာ psg ပွဲစဥ် တွေ နဲ့ ပေါ်တူဂီပွဲစဥ်တွေကြည့်ဖူးရင် ကောင်းကောင်းကြီး နားလည်သွားလိမ့်မယ် ။ ဘယ်ခြမ်းတစ်လျောက်လုံးကို တောက်လျောက် အတက်အဆင်းမှန်မှန် ၊ သက်လုံကောင်းကောင်း နဲ့ ကစားပြနေတာများ အရမ်းကို ကောင်းတယ် ။ ပြီးတော့ သူ့ရဲ့ မြန်နှုန်း ၊ ဘယ်ကစားသမား နဲ့ မဆို ယှဥ်ပြေးနိုင်တဲ့ အပြင် ဘောလုံးနဲ့အတူ ဆွဲပြေးတဲ့ Ball carrying ပိုင်းလည်း ကောင်းမွန်တဲ့ အပြင် PSG အသင်းရဲ့ ကစားပုံအရ ပြိုင်ဘက် ၁၈ ဂိုက်စည်းထဲကို လိုအပ်ရင် လိုအပ်သလို ဝင်ရောက်ရတာကြောင့် အလျဥ်းသင့်ရင်သင့်သလို သေသပ်လှပတဲ့ ဂိုးတွေကိုလည်း အမြဲလိုလို သွင်းနိုင်တယ် ။
နူနို မန်ဒက်စ် ရဲ့ နောက်ထပ်အားသာချက်တစ်ခုက 1 vs 1 အခြေအနေတွေမှာ ပြိုင်ဘက်ကို အမြဲလိုလို အကောင်းဆုံးတားဆီး နိုင်တာပဲ ။ ဒီလို တိုက်စစ် ခံစစ် မျှတအောင် ကစားနိုင်တဲ့ အပြင် နူနိုမန်ဒက်စ် ရဲ့ ကစားပုံက အရမ်းကို Aggressiveness ဆန်ပါတယ်။ ဒီအချက်တွေကြောင့်ပဲ အခုလက်ရှိ ဘယ်နောက်ခံလူတွေထဲမှာ အကောင်းဆုံးကစားသမားဖြစ်နေတာပါ ။ ဒီလို အရည်အချင်းတွေ အားသာချက်တွေ ပြည့်ဝနေတဲ့ နူနို မန်ဒက်စ် ကို ဥရောပ ဘုရင်ကြီး ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ ခေါ်ယူဖို့ကြိုးစားခဲ့ဖူးပါတယ်။ ၂၀၂၀ ခုနှစ်လောက် က ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ သူတို့ရဲ့ ဘယ်နောက်ခံ နေရာကို ပိုမိုအင်အားတောင့်တင်းစေဖို့ နဲ့ အနာဂတ် အတွက်ရည်ရွယ်ပြီး အရည်အသွေးမြင့် လူငယ်ကစားအသစ်တစ်ယောက် ခေါ်ယူဖို့အတွက် ကစားသမားအသစ်တွေကို ရှာဖွေခဲ့တယ် ။ အဲ့ချိန်မှာ ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ နူနို မန်ဒက်စ် ကို ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်မှာ နောက်ဆယ်နှစ်လောက်အထိ ကောင်းကောင်းကစားနိုင်မယ်လို့ယုံကြည့်ခဲ့ကြပြီး မန်ဒက်စ် တစ်ယောက် စပို့တင်း အသင်းမှာရှိခဲ့တဲ့ အချိန်တုန်းထဲက ခေါ်ယူဖို့ကြိုးစားခဲ့ဖူးတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ကိုဗစ် 19 ကပ်ရောဂါကြောင့် မန်ဒက်စ် ကို ခေါ်ယူမယ့် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အစီအစဥ်တွေ အားလုံးပျက်စီးသွားခဲ့တယ်။
အဲ့နောက်တော့ နူနို မန်ဒက်စ် ရဲ့ အေးဂျင့်ဖြစ်တဲ့ ဂျော့မန်ဒက် အနေနဲ့ နူနို မန်ဒက်စ် ကို ပီဒက်ဂျီ အသင်း နဲ့ ညှိနှိုင်းပေးခဲ့တယ်။ ဒီလိုနဲ့ မန်ဒက်စ် က ပြင်သစ်မြေကို ခြေချခဲ့ပြီး လက်ရှိအချိန်ထိ ပီအက်ဂျီ အသင်းရဲ့ ကစားသမားအဖြစ် ရှိနေတာပဲဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ နူနို မန်းဒက်စ် လိုကစားသမားကိုအရမခေါ်ယူနိုင်ခဲ့တာက တော်တော်လေးကို ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုပဲဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ လက်ရှိအချိန်ထိ မန်းဒက်စ် ရဲ့ ကစားပုံကို ကြိုက်နှစ်သက်နေပြီးထိပ်တန်းကစားသမားတစ်ယောက်အဖြစ်လဲသတ်မှတ်ထားတာပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#realmadrid
#leftback
#nunomendes
#psg
LATEST NEWS

𝐂𝐡𝐞𝐥𝐬𝐞𝐚 𝐕𝐬 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥 (post-match review)

Discussions begin to allow up to three teams from top leagues to enter the upcoming UEFA Champions League

𝐋𝐚𝐦𝐢𝐧𝐞 𝐘𝐚𝐦𝐚𝐥 to miss 5 matches due to injury

𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝 𝐕𝐬 𝐒𝐮𝐧𝐝𝐞𝐫𝐥𝐚𝐧𝐝 ( Match Preview )