နောက်ရာသီ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြဖြစ်လာနိုင်တဲ့ နည်းပြ ၅ ယောက်

Admin
2mos ago
Sport Articles
နောက်ရာသီ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြဖြစ်လာနိုင်တဲ့ နည်းပြ  ၅ ယောက်

အခုနောက်ပိုင်း ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ပတ်သတ်တဲ့ သတင်းတွေကို ကြည့်လိုက်ရင် ရာသီကုန်မှာ နည်းပြကြီး အန်စလော့တီထွက်ခွာတော့မယ်ဆိုတဲ့သတင်းတွေကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့တာပဲဖြစ်ပါတယ်။ အခုဆိုရင် ရီးရဲလ်မက်ဒရစ် အသင်းက ချန်ပီယံလိဂ် ပြိုင်ပွဲကထွက်ခဲ့ရသလို ၊ Super Cup final မှာလည်း အဓိက ပြိုင်ဘက် ဘာစီလိုနာ ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ အပြင် ၊ လာလီဂါဖလားကို လည်း ဘာစီလိုနာကို က သိမ်းပိုက်ဖို့ နီးစပ်နေတာကြောင့် လက်ရှိ ဖလား ၃ လုံးကို လက်လွှတ်ဆုံးရှုံးပြီးပြီးပဲဖြစ်ပါတယ်။ မနက်ဖြန်မှာကစားမယ့် Copa del Rey ဖိုင်နယ်ပွဲစဥ်ကိုလည်း ဘာစီလိုနာ အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး တကယ်လို့ ရှုံးနိမ့်ခဲ့ပါက ဖလားလက်မဲ့ ရာသီတစ်ခုကို ဖြတ်သန်းတော့ရမှာပဲဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် လို အသင်းမျိုးက ဖလားလက်မဲ့ဖြစ်သွားခဲ့ရင် ဘယ်လိုမှ လက်ခံနိုင်မှာမဟုတ်ပါဘူး။ ဖလားလက်မဲ့ ရာသီတစ်ခုကို ရင်ဆိုင်ခဲ့ရပါက နည်းပြကြီး အန်စလော့တီကို အသင်းကနေ ထုပ်ပယ်သွားနိုင်ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမှာကတော့ အန်စလော့တီ ရီးရဲလ်မက်ဒရစ် အသင်းကနေထွက်ခွာသွားခဲ့ပါက ရီးရဲလ် အသင်းနည်းပြဖြစ်လာနိုင်တဲ့ နည်းပြ ၅ ယောက်အကြောင်းပဲဖြစ်ပါတယ်။

၁. ဇာဘီ အလွန်ဇို

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကစားသမား ဟောင်းဖြစ်တဲ့ ဇာဘီ အလွန်ဆိုက ရီးရဲလ်မက်ဒရစ် အသင်းရဲ့ စိတ်ကြိုက်နည်းပြတစ်ယောက်လည်းဖြစ်ပါတယ် ၊ ဘာယန်မြူးနစ် အသင်း ကြီးစိုးနေတဲ့ ဂျာမန် ဘွန်ဒက်လီဂါ မှာ ဘာယန်မြူးနစ်ကို ကျော်ပြီး လီဘာကူဆင် အသင်းနဲ့ အတူ ရှုံးပွဲမရှိ ချန်ပီယံဖြစ်ခဲ့တဲ့ ဇာဘီ အလွန်ဆို က သူ့ရဲ့ အရည်အချင်းတွေကို ကောင်းကောင်း သက်သေပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။ လူငယ်ကစားသမားတွေကို ကောင်းကောင်းကြီး ပျိုးထောင်နိုင်တဲ့ အလွန်ဆိုကလည်း အန်စလော့တီ ထွက်ခွာခဲ့ပါက ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြဖြစ်လာနိုင်ပါတယ်။

၂ . ယာဂန် ကလော့

လီပါပူး အသင်းနဲ့ လမ်းခွဲခဲ့တဲ့ နည်းပြကြီး ယာဂန်ကလော့ ကလည်း ရီးရဲလ်မက်ဒရစ် အသင်းစိတ်ဝင်စားနေတဲ့ နည်းပြတစ်ယောက်ပဲဖြစ်ပါတယ်။ အဘက်ဘက်ကနေ ကျဆင်းနေတဲ့ လီပါပူး အသင်းကို အချိန်ယူကိုင်တွယ်ပြီး ပြောင်းလဲမှုတွေကို သူ့လက်သူ့ခြေနဲ့ လုပ်ခဲ့ပြီး လီပါပူးကို လူရိုသေရှင်ရိုသေ အသင်းတစ်သင်းဖြစ်အောင် ၊ ဆုဖလားတွေဝေးကွာနေတဲ့ အနေအထားကနေ ဆုဖလားတွေ ပြန်လည်သိမ်းပိုက်နိုင်အောင်စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြကြီး ယာဂန်ကလော့ ရဲ့ အရည်အချင်းက ရီးရဲလ်မက်ဒရစ် အသင်းနဲ့ အတော်လေးကို လိုက်ဖက်နေတာပဲဖြစ်ပါတယ်။ ကလော့ က ပရီးမီးယားလိဂ် ဘယ်အသင်းကိုမှ ကိုင်တွယ်မှာ မဟုတ်ဘူးလို့ဆိုထားတာကြောင့် စပိန် အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းက ကလော့ရဲ့ နောက်ထပ်ကိုင်တွယ်မယ့် အသင်းတစ်သင်းဖြစ်လာနိုင်ပါတယ်။

၃. ဇီဒန်း

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကစားသမားဟောင်းလည်းဖြစ် ၊ နည်းပြဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဇီဒန်းကလည်း ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နောက်ထပ်တစ်ကြိမ် နည်းပြဖြစ်လာနိုင်ပါတယ် ။ ရီးရဲလ်မက်ဒရစ် အသင်းကို ချန်ပီယံလိဂ် သုံးနှစ်ဆက်တိုက်ရအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဇီးဒန်း က ရီးရဲလ်မက်ဒရစ် အသင်းကထွက်ခွာပြီးကတည်းက ဘယ်အသင်းကိုမှ တာဝန်ယူကိုင်တွယ်ခဲ့တာမျိုး မရှိခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ် အသင်းကလည်း အန်စလော့တီ နဲ့ ဇီဒန်းကို အကြိမ်ကြိမ် ပြန်လည်ခန့်အပ်ခဲ့တာကြောင့် ဇီဒန်းကလည်း ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြတစ်ဦးဖြစ်လာနိုင်တာပဲဖြစ်ပါတယ်။

၄. ရာအူးလ်

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဂန္ထဝင် ကစားသမား တစ်ဦးဖြစ်တဲ့ ရာအူးလ်ကလည်း ဒီစာရင်းထဲမှာ ပါဝင်လာခဲ့တာပဲဖြစ်ပါတယ် ။ အခုလက်ရှိလည်း ရီးရဲလ်မက်ဒရစ် လူငယ်အသင်းကို အကောင်းဆုံး ကိုင်တွယ်နေတာဖြစ်ပြီး အသင်းရဲ့ ကစားသမားတွေအကြောင်း ၊ အသင်းအကြောင်းကို ကောင်းကောင်းကြီးနားလည်နေတဲ့ ရာအူးလ်ကလည်း ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြတစ်ဦးဖြစ်လာနိုင်တာပဲဖြစ်ပါတယ်။

၅. အူနိုင်း အမ်မရီ

စပိန်မြေနဲ့ မစိမ်းပဲ အတွေ့အကြုံတွေအများကြီး ရှိထားပြီး အခုလက်ရှိ အက်စတွန်ဗီလာလို အသင်းနဲ့ အတူ ချန်ပီယံလိဂ်မှာ အကောင်းဆုံး ပုံစံတွေပြသနိုင်ခဲ့တဲ့ အူနိုင်း အမ်မရီ ကလည်း ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြဖြစ်လာနိုင်ပါတယ် ။ ဆီဗီးလာ ၊ ဗီလာရီးရဲလ် အသင်းတွေနဲ့ အတူ ယူရိုပါလိဂ် ဖလားတွေကို အကြိမ်ကြိမ် သိမ်းပိုက်နိုင်ခဲ့တဲ့ အူနိုင်း အမ်မရီကလည်း ခေတဲ့ နည်းပြတစ်ယောက်တော့မဟုတ်ပါဘူး ။ အူနိုင် အမ်မရီကလည်း စပိန်မြေမှာ အသားကျပြီးသား နည်းပြတစ်ဦးဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းကို ရောက်ရှိလာနိုင်တာပဲဖြစ်ပါတယ်။

ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ နောက်ရာသီ ရီးရဲလ် အသင်းနည်းပြဖြစ်လာနိုင်တဲ့ နည်းပြ ၅ ယောက်အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#realmadrid

#zinedinezidane

#xabialonso

#jurgenklopp

#unaiemery

#raul

#coach

Leave a reply