စောင့်ကြည့်ချင်စရာကောင်းတဲ့ သောမတ်စ်ဖရန့် ရဲ့ စပါးအသင်း

Published 3w ago
Article
စောင့်ကြည့်ချင်စရာကောင်းတဲ့ သောမတ်စ်ဖရန့် ရဲ့ စပါးအသင်း

မနှစ်ကဘောလုံး ရာသီတုန်းကဆိုရင် စပါး အသင်းအနေနဲ့လည်း တော်တော်လေးကိုဆိုးဝါးတဲ့ အခြေအနေတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပြီး ပရီးမီးယားလိဂ် အဆင့်ဇယား ရပ်တည်မှုမှာလည်း အသင်း နဲ့ လုံးဝ မသက်ဆိုင်တဲ့ နေရာတစ်ခုမှာ ရှိခဲ့တယ် ။ တစ်ရာသီလုံး ဆိုးဝါးတဲ့ အခြေအနေတွေနဲ့သာ ရင်ဆိုင်ခဲ့ရပေမယ့် နောက်ဆုံးမှာတော့ ပရီးမီးယားလိဂ် ကလပ် အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းကို အကောင်းဆုံးပုံစံတွေနဲ့ ဖြတ်ကျော်ပြီး ယူရိုပါလိဂ် ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့တယ် ။ စပါး အသင်းတာဝန်ရှိသူတွေနဲ့ အနေနဲ့ အသင်းရဲ့ ဆုဖလားဝေးကွာနေမှုကို အဆုံးသတ်ပေးနိုင်ခဲ့တဲ့ အပြင် သမိုင်းတလျောက် ပထမဆုံး ဥရောပဖလားကြီးကို သိမ်းပိုက်ပေးနိုင်ခဲ့တဲ့ နည်းပြကြီး ပိုစေလို ဂလူး ကို နည်းပြရာထူး ကနေထုတ်ပယ်ခဲ့တယ် ။ အဲ့နောက် စပါးအသင်းအနေနဲ့ ဘရန်ဖို့စ် အသင်းရဲ့ နည်းပြ သောမတ်စ် ဖရန့်စ် ကို နည်းပြအဖြစ် ခန့်အပ်ခဲ့တယ်။ စပါး အသင်းတာဝန်ရှိသူတွေ အနေနဲ့ လာမယ့်ရာသီ ခက်ခဲကြမ်းတမ်းတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရမှာဖြစ်တာကြောင့်အရည်အသွေးမြင့်ကစားသမားပေါင်းများစွာကို ခေါ်ယူထားတာပဲဖြစ်ပါတယ်။

တော်တင်ဟမ် စပါး အသင်းအနေနဲ့ ပါလင်ညာ လို ပရီးမီးယားလိဂ် မှာ အသားကျပြီးသား ဝါရင့်ကစားသမားအပြင် ၊ ခူဒက် တို့လို အရည်အသွေးမြင့် တိုက်စစ်ကစားသမားတွေကို ပါခေါ်ယူပြီး အသင်းကို အကောင်းဆုံး ပြုပြင်ထားတာပဲဖြစ်ပါတယ် ။ သောမတ်စ် ဖရန့် လို အရည်အချင်းရှိတဲ့ နည်းပြ တစ်ယောက်လက်ထဲကို ဒီလို အရည်အသွေးမြင့် ကစားသမားတွေ ပေါင်းထည့်ပေးလိုက်တာက စပါး အသင်းအတွက် သိပ်ကို ကောင်းမွန်တဲ့ ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ သောမတ်စ် ဖရန့် လက်ထက် စပါး အသင်းအနေနဲ့ တော်တော်လေးကို တိုးတက်ကောင်းမွန်လာတာ သတိထားမိတယ် ။ ရာသီကြို ခြေစွမ်းပွဲ မှာ အာတီတာ ရဲ့ အာဆင်နယ် အသင်းကို အနိုင်ရအောင် ကစားနိုင်ခဲ့သလို ၊ လက်ရှိဘောလုံးလောကရဲ့ အကောင်းဆုံး နဲ့ ရင်ဆိုင်ရအခက်ခဲဆုံး အသင်းဖြစ်တဲ့ လူးဝစ် အန်ဒရီကေး ရဲ့ ပီအက်ဂျီ အသင်းကိုလည်း စူပါကပ် ဖိုင်နယ်ပွဲစဥ်မှာ ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ခဲ့တယ်။

ကံဆိုးလို့သာ ပင်နယ်တီ အဆုံးအဖြတ် နဲ့ ရှုံးနိမ့်ပြီး ဖလားတစ်လုံးကို လက်လွှတ်လိုက်ရတာဖြစ်ပေမယ့် တော်တင်ဟမ်စပါး အသင်းရဲ့ တိုးတက်လာမှုကိုတော့ အထင်းသားမြင်တွေ့ခဲ့ရတယ်။ လူးဝစ် အန်ဒရီကေး ရဲ့ ပီအက်ဂျီ အသင်းကို သူတင်ကိုယ်တင် ကစားပြီး ဒုက္ခပေးနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး ။ ဘာပဲဖြစ်ဖြစ်ပါ စပါး အသင်းအနေနဲ့ အခြားပရီးမီးယားလိဂ် အသင်းတွေနည်းတူ ပြောင်းလဲပြင်ဆင်မှုများစွာ ပြုလုပ်ထားသလို စပါး အသင်းရဲ့ လက်ရှိအစုအဖွဲ့ကလည်း အသင်းတိုင်းနဲ့ ရင်ဆိုင်လို့ရပါတယ် ။ အဲ့တာကြောင့် လာမယ့်ရာသီ စောင့်ကြည့်ရမယ့် ပရီးမီးယားလိဂ် အသင်းတွေထဲမှာ စပါးအသင်းကို ဖယ်ထားလို့မရပါဘူး ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#tottenhamhotspurfc

#thomasfrank

#coach

#premierleague

#football

Leave a reply

💬 Join our Telegram
📢 Hello!! You can ask directly to the admin for more information...