ချဲလ်ဆီး နဲ့ အာဆင်နယ်က လန်ဒန်မြို့ခံပြိုင်ဘက်တွေရော ဟုတ်ရဲ့လား

Published 3 ပတ် ခန့်က
Article
ချဲလ်ဆီး နဲ့ အာဆင်နယ်က လန်ဒန်မြို့ခံပြိုင်ဘက်တွေရော ဟုတ်ရဲ့လား

ဘောလုံးလောကမှာ မြို့ခံ ပြိုင်ဘက်တွေဆိုတာ ရှိကြတယ် ။ မြို့ခံ ပြိုင်ဘက် အချင်းချင်းရင်ဆိုင်ရတဲ့ ပွဲစဥ်တိုင်းက သိပ်ကိုဖျော်ဖြေမှု ပေးစွမ်းနိုင်သလို ၊ ဘောလုံးရသ ကိုလည်း အပြည့်အဝ ခံစားရတယ် ။ ကစားသမား အပါအဝင် ၊ နည်းပြအဖွဲ့ဝင်တွေ ၊ အသင်းရဲ့ တာဝန်ရှိသူတွေ ကိုယ်တိုင်က နိုင်လိုစိတ်အပြည့် နဲ့ အစွမ်းကုန်ရုန်းကန် ကစားပြတာတွေကိုကြည့်ရတာ ကွင်းထဲက ပရိတ်သတ်တွေမပြောနဲ့ တီဗီဖန်သားပြင်ပေါ်က တစ်ဆင့် ကြည့်ရှူခံစားရတဲ့ ကျွန်တော်တို့လို ဘောလုံးပရိတ်သတ်တွေတောင် ကြက်သိမ်းထရလောက်တဲ့ အထိ ဖျော်ဖြေပေးနိုင်တယ် ။ အချို့ အသင်းတွေဆို မြို့ခံပြိုင်ဖက် မဟုတ်တာတောင် ပြိုင်ဆိုင်မှုပြင်းထန်တာတွေရှိတယ် ။ ဥပမာ ပြောရရင် အင်္ဂလန်ဘောလုံးလောကရဲ့ အအောင်မြင်ဆုံး ကလပ်အသင်းနှစ်သင်းဖြစ်တဲ့ လီပါပူး အသင်း နဲ့ မန်ချက်စတာယူနိုက်တက် အသင်းတွေဆိုရင် မြို့ခံပြိုင်ဘက်တွေ မဟုတ်တာတောင် သူတို့နှစ်သင်းတွေ့ဆုံတဲ့ ပွဲတိုင်းမှာ မြို့ခံပြိုင်ဘက် အချင်းချင်းရင်ဆိုင်ရတဲ့ ပွဲလို့ ခံစားမှု ရသကို ပေးစွမ်းနိုင်တယ် ။ တစ်ဖက် နဲ့ တစ်ဖက် က အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေနဲ့ ရေကုန်ရေခမ်း အစွမ်းကုန်ပေးဆပ်ပြီး ကစားကြတယ် ။

ဒီလို ပြိုင်ဆိုင်မှု ပြင်းထန် တာက ဘောလုံးကွင်းအထဲမှာပဲ မပြီးသွားပဲ ကစားသမား ရောင်းချတဲ့ အပိုင်းတွေ ၊ ဝယ်ယူတဲ့ အပိုင်းတွေမှာပါ အကျိုးသက်ရောက်မှု ရှိလာခဲ့တယ် ။ အချို့ မြို့ခံ ပြိုင်ဘက်တွေ အချင်းချင်းက ကစားသမား အရောင်းအဝယ် ကိစ္စတွေနဲ့ ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်းရှိပေမယ့် အချို့ မြို့ခံပြိုင်ဘက်အချင်းချင်း ကစားသမား ရောင်းဝယ်မှုပြုလုပ်တဲ့ အပိုင်းမှာ အဆင်ပြေချောမွေ့နေကြပြီး မြို့ခံပြိုင်ဘက် အသင်းနှစ်သင်းမှ ဟုတ်ရဲ့လားလို့ မေးရလောက်တဲ့ အသင်းတွေလည်းရှိတယ် ။ အင်္ဂလန် ဘောလုံးလောကရဲ့ အအောင်မြင်ဆုံး အသင်းနှစ်သင်းဖြစ်တဲ့ လီပါပူး အသင်းနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတွေဆိုရင် ကွင်းထဲမှာလည်း ပြိုင်ဆိုင်မှုပြင်းထန်သလို ကွင်းပြင်ပ ကစားသမား ရောင်းချတဲ့ အပိုင်းမှာလဲ ကင်းကင်းရှင်းရှင်းရှိတာကို သတိထားမိမှာပါ ။ လီပါပူး အသင်း နဲ့ မန်ချက်စတာယူနိုက်တက် အသင်းနှစ်သင်းက မြို့ခံပြိုင်ဘက်တွေထက် ပိုမိုခါးခါးသီးသီးဖြစ်ကြပြီး ဒီနှစ်သင်းကြားမှာ ကစားသမား အရောင်းအဝယ် မပြုလုပ်ခဲ့တာဆိုရင် နှစ် ၆၀ ကျော်နေပါပြီ ။ ဒီလို မြို့ခံပြိုင်ဘက် မဟုတ်တာတောင် ဒီလောက် ခါးခါးသီးသီး နဲ့ ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ အချိန် လန်ဒန်ပြိုင်ဘက် အသင်းနှစ်သင်းဖြစ်တဲ့ ချဲလ်ဆီး အသင်းနဲ့ အာဆင်နယ် အသင်းတို့က ကွင်းပြင်ဘက် ကစားသမား အရောင်းအဝယ်ပြုလုပ်တဲ့ အပိုင်းမှာ အရမ်းကို အဆင်ပြေနေတာတွေ့မြင်ရမယ် ။

အာဆင်နယ် နည်းပြ အာတီတာ က အာဆင်နယ် အသင်းကို ၂၀၁၉ ခုနှစ်ကမှ အာဆင်နယ် အသင်းရဲ့ နည်းပြ ဖြစ်ခဲ့ပေမယ့် အာတီတာ အာဆင်နယ် အသင်းကို ကိုင်တွယ်တဲ့ ၆ နှစ်အတွင်းမှာပဲ မြို့ခံပြိုင်ဘက် ချဲလ်ဆီး အသင်းကနေခေါ်ယူခဲ့တဲ့ ကစားသမား အရေအတွက်က ၆ ယောက်ထိ ရှိနေပါပြီ ။ တစ်ဖက်မှာ မြို့ခံပြိုင်ဘက် မဟုတ်တဲ့ အသင်းနှစ်သင်းတောင် ကစားသမား အရောင်းအဝယ်မပြုလုပ်ပဲ ခါးခါးသီးသီး နဲ့ ပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့ အချိန် လန်ဒန်ပြိုင်ဘက် အသင်းနှစ်သင်းဖြစ်တဲ့ ချဲလ်ဆီး နဲ့ အာဆင်နယ် အသင်းနှစ်သင်းက ကွင်းပြင်ပ ကစားသမား ရောင်းချပြီး ဝယ်ယူတဲ့ အပိုင်းမှာ အရမ်းကို အဆင်ပြေနေတာ သူတို့နှစ်သင်းက မြို့ခံပြိုင်ဘက်တွေ ဟုတ်ရဲ့လားလို့တောင်တွေးမိပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်

#mmmedia

#chelsea

#arsenal

#arteta

#enzomaresca

#london

Leave a reply

💬 Join our Telegram
📢 မင်္ဂလာပါ !! Admin ဆီကို တိုက်ရိုက်ပေးပိုပြီး မေးမြန်နိုင်ပါတယ် ရှင် ...