မျှော်လင့်သလောက်ဖြစ်မလာခဲ့တဲ့ ကော့ဟမ်းထုပ်ကုန်

Published 3 ပတ် ခန့်က
Article
မျှော်လင့်သလောက်ဖြစ်မလာခဲ့တဲ့ ကော့ဟမ်းထုပ်ကုန်

ဘောလုံးလောကရဲ့ အကောင်းဆုံးအကယ်ဒမီတွေထဲမှာ ကော့ဟမ်းအကယ်ဒမီ ကလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ် ။ အမြဲလိုလို ကော့ဟမ်း ထွက်ကစားသမားတွေ အနေနဲ့ ချဲလ်ဆီး အသင်းကို အများကြီး အထောက်အကူပြုနိုင်ခဲ့ပါတယ် ။ ကော့ဟမ်း ရဲ့ အသီးအပွင့်တွေဖြစ်ကြတဲ့ မေဆန်မောက် ၊ ရီစီဂျိမ်း ၊ ချာလိုဘာ ၊ ကိုးဝဲလ် စတဲ့ ကစားသမားတွေကတော့ ချဲလ်ဆီး အသင်းပရိတ်သတ်တွေရဲ့အချစ်တော်ကစားသမားတွေလည်းဖြစ်ကြသလို ချဲလ်ဆီး အသင်းကို လည်း အများကြီးအထောက်အကူပြုနိုင်ခဲ့တယ် ။ ကော့ဟမ်း အကယ်ဒမီ က ဒီလို အရည်အသွေးမြင့် ကစားသမားတွေကို ထုတ်ပေးနိုင်ခဲ့တာကြောင့် ချဲလ်ဆီး အသင်းဖြေရှင်းရမယ့် ပြဿနာတော်တော်များများ က လွယ်လွယ်ကူကူ နဲ့ ဖြေရှင်းပြီးသားဖြစ်ခဲ့တယ် ။ ကော့ဟမ်း အကယ်ဒမီထွက်တွေထဲမှာဆို ရီစီဂျိမ်း တို့ အဖွဲ့က ချန်ပီယံလိဂ် ဖလားဆွတ်ခူးနိုင်တဲ့ အထိအောင်မြင်မှု ရရှိခဲ့တာကြောင့် အဲ့နောက်ပိုင်း ချဲလ်ဆီး ပရိတ်သတ်တွေက အရင်ကထက် ကော့ဟမ်း အကယ်ဒမီ ထွက်ကစားသမားတွေကို ပိုမိုမျှော်လင့်လာကြတယ် ။

ရီစီ တို့ရဲ့ နောက်မှာ ထွက်ပေါ်လာခဲ့တဲ့ ကစားသမားလေးကတော့ ဘရိုဂျာ ဆိုတဲ့ တိုက်စစ်မှူးလေးပဲ ။ ဒီ အယ်ဘေးနီးယား တိုက်စစ်မှူးလေးက တိုက်စစ်မှူး တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရပ်အမောင်း ၊ ခန္ဓာကိုယ် ဖွဲ့စည်းပုံတွေကို ပိုင်ဆိုင်ထားတဲ့ အပြင် ကွင်းထဲခြေချလိုက်တဲ့ အချိန်မှာလည်း တိုးအား ၊ရုန်းအား ကောင်းကောင်း နဲ့ ပြိုင်ဘက်ခံစစ် ကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ခဲ့တယ် ။ ဒါတွေကြောင့်ပဲ ချဲလ်ဆီး အသင်းပရိတ်သတ်တွေက တိုက်စစ်မှူး ပြဿနာ ကြုံနေရတဲ့ ချဲလ်ဆီး အသင်းအတွက် နောက်ထပ် ကော့ဟမ်း ထုတ်ကုန် တစ်ခုက ဒီပြဿနာ ကို ကောင်းကောင်းကြီး ဖြေရှင်းပေးနိုင်မှာပဲလို့ မျှော်လင့်ခဲ့ကြတယ် ။ ဘရိုဂျာ အနေနဲ့လည်း ချဲလ်ဆီး အသင်းမှာ ပွဲကစားခွင့်ရတဲ့ အချိန်တိုင်းမှာ အကောင်းဆုံးပေးဆပ် ကစားပြီး အကောင်းမွန်ဆုံးမဟုတ်ခဲ့ရင်တောင် သူ့အသက်အရွယ် နဲ့ လက်ခံလို့ရတဲ့ ခြေစွမ်းတွေကို ပြသနိုင်ခဲ့တယ် ။ ဒါပေမယ့် ချဲလ်ဆီး အသင်းပရိတ်သတ်တွေရဲ့ မျှော်လင့်ချက်တွေက ကြာကြာမခံခဲ့ပါဘူး ။ ဘရိုဂျာ က အရည်အချင်းကောင်းတွေပိုင်ဆိုင်ထားတဲ့အပြင် အလားအလာကောင်းတွေ ရှိနေပေမယ့် ဒဏ်ရာပြဿနာ တွေက သူ့ရဲ့ ကစားသမားဘဝ နောက်တစ်ဆင့်တက်မယ့် လမ်းကြောင်းကို ပိတ်ဆို့ထားခဲ့တာပဲဖြစ်ပါတယ် ။

ချဲလ်ဆီး အသင်းမှာ ကစားချိန် မိနစ်အနည်းငယ် ရလာတဲ့ အချိန် ဒဏ်ရာပြဿနာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရပြီး နောက်ပိုင်းမှာတော့ ဒီကစားသမားလေးက ခြေစွမ်းပိုင်း ကျဆင်းသွားတာကြောင့် အခြားအသင်းတွေကိုသာ အငှားထွက်ရောက်ကစားခဲ့ရတယ် ။ ဒီနွေရာသီ အပြောင်းအ‌ရွှေ့ကာလမှာတော့ ဘရိုဂျာ က ဘန်လေ အသင်းထံ အပြီးသတ်ပြောင်းရွှေ့သွားတော့မှာပဲဖြစ်ပါတယ် ။ ဘရိုဂျာ ကဒဏ်ရာပြဿနာတွေကြောင့် မျှော်လင့်သလောက်ဖြစ်မလာခဲ့တဲ့ ကော့ဟမ်းထုတ်ကုန် တစ်ခုပဲဖြစ်ပါတယ်လို့ပြောရင်း ဒီမှာပဲ အဆုံးသတ်ပါရစေ ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ် ။

#mmmedia

#chelsea

#corshamtownfc

#reecejames

#broja

Leave a reply

💬 Join our Telegram
📢 မင်္ဂလာပါ !! Admin ဆီကို တိုက်ရိုက်ပေးပိုပြီး မေးမြန်နိုင်ပါတယ် ရှင် ...