အခက်ခဲဆုံး အချိန်တစ်ခုကို ရောက်ရှိနေတဲ့ မာရက်စကာ

Published 1 ပတ် ခန့်က
Article
အခက်ခဲဆုံး အချိန်တစ်ခုကို ရောက်ရှိနေတဲ့ မာရက်စကာ

အန်ဇိုမာရက်စကာ က ချဲလ်ဆီး အသင်းအတွက် သူ့ရဲ့ ပထမဆုံး ရာသီမှာပဲ ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ၊ ကွန်းဖရင့်လိဂ် ကိုလည်း အရယူနိုင်ခဲ့တယ် ။ ကလပ် ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲစဥ်မှာလည်း လက်ရှိ ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းလည်းဖြစ် ၊ လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံလည်းဖြစ်တဲ့ ပီအက်ဂျီ အသင်းကို အကောင်းဆုံးကျော်ဖြတ် ကာ ချန်ပီယံဆုကို သိမ်းပိုက်ပေးနိုင်ခဲ့ပါတယ် ။ အန်ဇိုမာရက် စကာက underrated နည်းပြတစ်ယောက်ပါ ။ အန်ဇိုမာရက်စကာ က တစ်ချို့အပိုင်းတွေမှာ အသင်းကြီး တစ်သင်းကို ကိုင်တွယ်နေတဲ့ နည်းပြတစ်ယောက်ရဲ့ လက္ခဏာနဲ့ မကိုက်ညီပါဘူး ။ အမြဲလိုလို စိုးရိမ်စိတ်များတယ် ။ အမြဲလိုလို ဖိအားတွေကို ကင်းအောင်နေတယ် ။ တစ်ခါတစ်လေကြရင် ပက် တို့ ၊ ယာဂန်ကလော့စ် တို့လို ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားချရတော့မယ့် အချိန်ကြရင် ဘာစိုးရိမ်စိတ်မှ မရှိပဲ ဆုံးဖြတ်ချက် ကို ပြတ်ပြတ်သားသားချဖို့လိုအပ်တယ် ။

အန်ဇိုမာရက်စကာအနေနဲ့ ဒီအပိုင်းတွေမှာသိပ်ကို အားနည်းလွန်းတယ် ။အခုဆိုရင် အန်ဇိုမာရက်စကာ အနေနဲ့ တော်တော်လေးကို ခက်ခဲနေတဲ့ အချိန်တစ်ခုကို ရောက်ရှိနေပါပြီး ။အပြောင်းအရွှေ့ကာလတုန်း က အားနည်းနေတဲ့ ခံစစ်ကို ကောင်းကောင်း ဖြည့်ဆည်းမှုတွေ မပြုလုပ်နိုင်ခဲ့တဲ့ အပြင် ဒေါင်ဒေါင်မြည် ခံစစ် ကစားသမားတွေ မရှိတဲ့ကြားက အသင်းမှာ အသုံးပြုနေတဲ့ တိုဆင် ကပါ ဒဏ်ရာပြဿနာ ရရှိသွားခဲ့ပါတယ် ။ ဒီရာသီမှ အသင်းအတွက် ပြန်လည်ကစားပေးနိုင်တဲ့ ဖိုဖာနာ အနေနဲ့လည်း နောက်တစ်ကြိမ် ဒဏ်ရာပြဿနာ ပြန်လည်ရရှိသွားခဲ့တာကြောင့် ဗဟိုခံစစ် ကစားသမား တော်တော်လေးကို နည်းပါးသွားခဲ့ပါပြီ ။ ခံစစ် မှာ ကစားနိုင်တဲ့ ကစားသမားဆိုလို ချာလိုဘာ နဲ့ လူငယ်ကစားသမားလေး အာချဥ်ပေါင် နှစ်ယောက်သာ ကျန်ရှိတော့ပါတယ်။ ခံစစ် ကစားသမားတွေအပြင်ချဲလ်ဆီး အသင်းရဲ့ အဓိကကစားသမားလည်းဖြစ် ၊ အသင်းကို အဓိက ဦးဆောင်ထမ်းတင်ပေးနေတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်တဲ့ ကိုလ်းပါမား အနေနဲ့လည်း ဒဏ်ရာပြဿနာကြောင့် ၃ ပတ်လောက် အနားယူရတော့မှာပဲဖြစ်ပါတယ် ။

ချဲလ်ဆီး အသင်းရဲ့ ဒဏ်ရာရ ကစားသမားတော်တော်များများက လာမယ့် ပွဲစဥ် ၃ ပွဲလောက်ကို လွဲချော်ရတော့မှာပဲဖြစ်ပါတယ် ။ချဲလ်ဆီး အသင်း အနေနဲ့ ဘရိုက်တန် ၊ ဘင်ဖီကာ ၊ လီပါပူး စတဲ့ အသင်းတွေနဲ့ ဆက်တိုက်ရင်ဆိုင်ရမှာပဲဖြစ်ပါတယ် ။ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဥ်မှာ အနိုင်ရရှိအောင် မစွမ်းဆောင်နိုင်ထားတဲ့ အပြင် ၊ ချန်ပီယံလိဂ် အဖွင့်ပွဲမှာလည်း ရှံးနိမ့်ထားတာကြောင့် အန်ဇိုမာရက်စကာအတွက် ဖိအားတစ်ချို့ရှိပါတယ် ။ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် ၂ ပွဲက ခက်ခဲတဲ့ ပွဲစဥ်ဖြစ်သလို ၊မော်ရင်ဟို ရဲ့ ဘင်ဖီကာ အသင်းကလည်း အဆိပ်ရှိ အသင်းတစ်သင်းဖြစ်တာကြောင့် အခုချိန်က အန်ဇိုမာရက်စကာအတွက် အခက်ခဲဆုံး အချိန်ကာလတစ်ခုကို ရောက်ရှိနေတာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီ တင်ရှိပါတယ် ။

#mmmedia

#chelsea

#enzomaresca

#coach

#premierleague

#championsleague

Leave a reply

💬 Join our Telegram
📢 မင်္ဂလာပါ !! Admin ဆီကို တိုက်ရိုက်ပေးပိုပြီး မေးမြန်နိုင်ပါတယ် ရှင် ...