ချဲလ်ဆီး အသင်းအပေါ် အကောင်းဆုံးပေးဆပ်ကစားသွားခဲ့တဲ့ ဒူဘရီဟောလ်

Published 3 ပတ် ခန့်က
Article
ချဲလ်ဆီး အသင်းအပေါ် အကောင်းဆုံးပေးဆပ်ကစားသွားခဲ့တဲ့ ဒူဘရီဟောလ်

အန်ဇို မာရက်စကာက ချဲလ်ဆီး အသင်းရဲ့ နည်းပြဖြစ်လာချိန်မှာတော့ လက်စတာ အသင်းရဲ့ ကွင်းလယ်ကစားသမားလည်းဖြစ် ၊ သူ့ရဲ့ တပည့်ဟောင်းလည်းဖြစ်တဲ့ ဒူဘရီဟောလ် တစ်ယောက် ချဲလ်ဆီး အသင်းကို ရောက်ရှိလာခဲ့တယ် ။ ဒူဘရီဟောလ် ကချဲလ်ဆီး အသင်းရဲ့ ပွဲထွက်ကစားသမားတစ်ယောက် မဟုတ်ခဲ့ပါဘူး ။ ဒူဘရီဟောလ် က ပရီးမီးယားလိဂ် မှာ အချိန်တော်တော်များများကို အရံကစားသမား အဖြစ်သာကုန်ဆုံးခဲ့ရပေမယ့် ကွန်းဖရင့်လိဂ် ပြိုင်ပွဲမှာတော့ ဒူဘရီဟောလ် က ချဲလ်ဆီး အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်ခဲ့တယ် ။ ပွဲထွက်ခွင့်ရရှိတဲ့ ကွန်းဖရင့်လိဂ် ပွဲစဥ်တိုင်းမှာ ခြေစွမ်းကောင်းတွေပြသပြီး အသင်းကို အမြဲလိုလို အကျိုးပြုခဲ့တယ် ။ ကွန်းဖရင့်လိဂ်မှာတော့ ဒူဘရီဟောလ် ရဲ့ ခြေစွမ်းက ဘားမှမေးခွန်းထုတ်စရာမရှိဘူး ။ ဂိုးတွေလည်း ပုံမှန်သွင်းပေးသလို ၊ ဂိုးဖန်တီးမှုတွေကို ပြုလုပ်နိုင်ခဲ့တယ် ။ အခြား ကစားသမားတွေ ပွဲထွက်ခွင့်မရရှိတာကြောင့် ပြဿနာ ရှာပြီး စိတ်ဆိုးစိတ်ကောက်လုပ်နေတဲ့ အချိန်မှာလည်း ဒူဘရီဟောလ် က ဘာပြဿနာမှ မရှာခဲ့ဘူး ။

ပွဲထွက်ခွင့်မရရှိရင်လည်း အေးအေးဆေးဆေး နဲ့ နေသလို ပွဲထွက်ခွင့်ရရှိတဲ့ အချိန်မှာလည်း သူက ဘယ်လို ကစားသမားလည်း ဆိုတာကို အလုပ်နဲ့ပဲ သက်သေပြခဲ့တယ် ။ အန်ဇိုမာရက်စကာ ရဲ့ တပည့် အရင်း တစ်ဦးဖြစ်ပေမယ့် အန်ဇိုမာရက် စကာရဲ့ ကစားကွက် နဲ့ အံဝင်ဖို့ အတွက် အန်ဇိုဖာနန်ဒက် ကို ဘယ်လိုမှ မကျော်နိုင်ခဲ့ဘူး ။ ဒီအပြောင်းအရွှေ့ကာလမှာ ချဲလ်ဆီး အသင်း က အသင်းကို ပြောင်းလဲပြင်ဆင်မှုတွေတော်တော်‌လေးကို ပြုလုပ်လာခဲ့တယ် ။ အသင်း နဲ့ အံမဝင်တဲ့ ကစားသမားတွေ ၊ အန်ဇိုမာရက် စကာ ရဲ့ စိတ်ကြိုက်မဖြစ်တဲ့ ကစားသမားတွေကို ရောင်းချနေသလို ၊ ကစားသမား အစုအဖွဲ့ကို မနှစ်က‌ဘောလုံးရာသီထက် ပိုမို‌တောင့်တင်းစေဖို့အတွက်လည်း အရည်အသွေးမြင့် ကစားသမားတွေကို ‌ခေါ်ယူနိုင်ခဲ့တယ် ။ ချဲလ်ဆီး အသင်း ရောင်းချတဲ့ ကစားသမား တွေထဲမှာ ဒူဘရီဟောလ် လည်းပါဝင်ခဲ့တယ် ။ မနှစ်က ဘောလုံးရာသီမှာ အထူးခြေစွမ်းပြခဲ့တဲ့ အန်ဒရီ ဆန်းတို့စ် ကချဲလ်ဆီး အသင်းကို ရောက်ရှိလာတာကြောင့်လည်း ဒူဘရီဟောလ် ရဲ့ အခန်း ကဏ္ဍက မနှစ်ကဘောာလုံးရာသီကထက်ပိုမို မှေးမှိန်လာနိုင်သလို ၊ ပွဲကစားချိန်တွေလည်း အရင်ရာသီထက်ပိုမို နည်းသွားနိုင်တယ် ။

အဲ့တာကြောင့် ချဲလ်ဆီး အသင်းက ဒူဘရီဟောလ် ကို အဲဗာတန် အသင်းက သင့်တင့်တဲ့ ပြောင်းရွှေ့ကြေး တစ်ခုနဲ့ ကမ်းလှမ်းခဲ့တာကြောင့် ရောင်းချခဲ့တာပဲဖြစ်ပါတယ် ။ဒူဘရီဟောလ် က ချဲလ်ဆီး အသင်းအတွက် အများကြီးပေးဆပ်ကစားသွားသလိုအသင်းကထွက်ခွာသွားတဲ့အချိန်မှာလည်း အကောင်းဆုံးပုံစံနဲ့ထွက်ခွာသွားခဲ့တာပဲ ဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#chelsea

#enzomaresca

#kiernandewsburyhall

#midfielder

#premierleague

Leave a reply

💬 Join our Telegram
📢 မင်္ဂလာပါ !! Admin ဆီကို တိုက်ရိုက်ပေးပိုပြီး မေးမြန်နိုင်ပါတယ် ရှင် ...