ကူကူရယ်လာရဲ့ တာဝန်တော်တော်များများကို လျော့ချပေးနိုင်မယ့် ကစားသမား (သို့) ဟက်တို

ချဲလ်ဆီး အသင်းက သူတို့အသင်းရဲ့ လိုအပ်ချက်တစ်ခုဖြစ်တဲ့ ဘယ်နောက်ခံနေရာအတွက် သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်နေတဲ့ အေဂျက် အသင်းရဲ့ နယ်သာလန် ကစားသမား ဟက်တို ကို အရခေါ်ယူနိုင်ခဲ့ပြီပဲဖြစ်ပါတယ် ။ ချဲလ်ဆီး အသင်းက ဘယ်နောက်ခံ နေရာအတွက် ကူကူရယ်လာရဲ့ အရန်ကစားသမား မရှိခဲ့တာ မနှစ်ကဘောလုံးရာသီထဲကပါ ။ ကူကူရယ်လာ တစ်ယောက်ထဲက ပွဲစဥ်အားလုံးနီးပါး ကို ကစားခဲ့ရပြီး ကူကူရယ်လာ ပါဝင်လို့မရတဲ့ ပွဲစဥ်တွေမှသာ ဂူစတို ကို အဆင်ပြေသလို အသုံးပြုခဲ့ရတာပဲဖြစ်ပါတယ်။ မနှစ်ကဘောလုံး ရာသီ တစ်ရာသီလုံးမှာ ကူကူရယ်လာ က အသင်းရဲ့ တာဝန်တော်တော်များများ ကို ပုခုံးပေါ်ထမ်းတင်နိုင်ခဲ့ပြီး ဒဏ်ရာပြဿနာ တစ်ခုခုနဲ့ မကြုံတွေ့ခဲ့ရတာကြောင့် ချဲလ်ဆီး အသင်းအနေနဲ့ တော်တော်လေးကို သက်သာခဲ့ရတာပဲဖြစ်ပါတယ် ။ ချဲလ်ဆီး အသင်း တာဝန်ရှိသူတွေ အနေနဲ့ မနှစ်ကဘောလုံးရာသီမှာ သူတို့ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေ ၊ စိုးရိမ်ပူပန်မှုတွေကို ကောင်းကောင်းကြီး နားလည်သဘောပေါက်တာကြောင့် ဘယ်နောက်ခံနေရာအတွက် ကူကူရယ်လာ ရဲ့ အရန်ကစားသမားကတစ်ယောက် ကို ခေါ်ယူဖို့ အတွက် ဈေးကွက် ထဲမှာ ရှာဖွေခဲ့တယ် ။
အခုနောက်ပိုင်း ချဲလ်ဆီး အသင်းပိုင်ရှင် အသစ်တွေပြောင်းသွားပြီးကတည်းက ချဲလ်ဆီး အသင်းရဲ့ လူခေါ်ယူမှု ပုံစံတွေ ၊ သတ်မှတ်ချက်တွေ ၊ အပြောင်းအရွှေ့ဈေးကွက်မှာ လှုပ်ရှားပုံတွေက တော်တော်လေးကို ပြောင်းလဲသွားခဲ့တယ် ။ ဒီနောက်ပိုင်း ချဲလ်ဆီး အသင်းက လူငယ်ကစားသမားတွေကိုသာ ဝယ်ယူလေ့ရှိပြီး အသက် ၂၅ နှစ်ကျော်တဲ့ ကစားသမားတွေကိုဆို သိပ်ပြီးတော့ မခေါ်ယူချင်ဘူး ။ ချဲလ်ဆီး အသင်းက လစာနည်းနည်း နဲ့ အရည်အသွေးမြင့် လူငယ်ကစားသမားတွေကိုပဲခေါ်ယူချင်တာပဲဖြစ်ပါတယ် ။ ချဲလ်ဆီး အသင်းအနေနဲ့ သူတို့ရဲ့ သတ်မှတ်ချက် နှုန်းထားတွေနဲ့ ပြည့်စုံတဲ့ ဟက်တိုကိုတွေ့ရှိခဲ့တယ် ။ ဟက်တို ရဲ့ အသက်အရွယ်က ၁၉ နှစ်သာရှိသေးပေမယ့် သူ့မှာ အတွေ့အကြုံကောင်းတွေ အများကြီးကို ပိုင်ဆိုင်ထားပြီးပြီ ။ အသက်အရွယ် ငယ်ငယ်လေးနဲ့ အေဂျက် အသင်းရဲ့ အသင်းခေါင်းဆောင်လက်ပတ် ကိုဝတ်ဆင်ပြီး အသင်းကို အကောင်းဆုံး ဦးဆောင်ပြသွားတဲ့ ပွဲစဥ်တွေကလည်းမနည်းလှပါဘူး ။ အဲ့တာအပြင် ဟက်တိုက LB နေရာအပြင် LCB နေရာမှာပါ အကောင်းဆုံး ကစားနိုင်တာကြောင့် ကိုလ်ဝဲလ် ရဲ့ အရန်အဖြစ်လည်း ကောင်းကောင်းကြီး အစားထိုးနိုင်တဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ် ။
ချဲလ်ဆီး အသင်းအနေနဲ့ အရည်အသွေးပိုင်း မှာ ဘားမှမပြစ်ပြောစရာမရှိတဲ့အပြင် ၊ အလားလာကောင်းတွေ အများကြီးပိုင်ဆိုင်ထားတဲ့ ဟက်တိုလို ကစားသမားမျိုးကို ခေါ်ယူနိုင်ခဲ့တာကြောင့် ကူကူရယ်လာ ရဲ့ တာဝန်တွေကို အများကြီးလျော့ချနိုင်ခဲ့သလို ၊ အရင်လို ကူကူရယ်လာ အနေနဲ့လည်း ပွဲစဥ်တိုင်းကို ဝင်ကစားစရာမလိုတော့ပါဘူး ။ဟက်တို ကို ခေါ်ယူလိုက်တာက ချဲလ်ဆီး အသင်းအနေနဲ့ ကူကူရယ်လာ ရဲ့ ဒဏ်ရာပြဿနာ ၊ ပွဲပန်းပြဿနာတွေကို ဘားမှစိတ်ပူစရာ မလိုတော့ပဲ ချဲလ်ဆီး အသင်းရဲ့ ကြီးမားတဲ့ ဘယ်ခြမ်းခံစစ် တာဝန်တွေကို ကူကူရယ်လာဆီကနေ ဟက်တိုက ကောင်းကောင်းမျှယူပေးနိုင်တဲ့ ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#chelsea
#marccucurella
#jorrelhato
#leftback
#premierleague
နောက်ဆုံးရသတင်းများ

𝐂𝐡𝐞𝐥𝐬𝐞𝐚 𝐕𝐬 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥 (ပွဲပြီးသုံးသပ်ချက်)

လာမယ့် 𝐅𝐈𝐅𝐀 𝐂𝐥𝐮𝐛 𝐖𝐨𝐫𝐥𝐝 𝐂𝐮𝐩 မှာ ထိပ်တန်းလိဂ်တွေထဲမှ သုံးသင်းအထိဝင်ရောက်ခွင့်ရဖို စတင်ဆွေးနွေး

ဒဏ်ရာကြောင့် 𝟓 ပွဲလောက်အထိလွဲချော်သွားမယ့် 𝐋𝐚𝐦𝐢𝐧𝐞 𝐘𝐚𝐦𝐚𝐥

𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝 𝐕𝐬 𝐒𝐮𝐧𝐝𝐞𝐫𝐥𝐚𝐧𝐝 ( ပွဲကြိုသုံးသပ်ချက် )