လက်ရှိဘောလုံးလောကရဲ့ စာချုပ်သက်တမ်း အများဆုံးကျန်ရှိတဲ့ ကစားသမား ၅ ယောက်

အခုနောက်ပိုင်း ဘောလုံးလောကမှာ ကစားသမား အသစ် တစ်ယောက်ခေါ်ယူပြီဆိုရင် အရင်လို စာချုပ်သက်တမ်း ကို ၃ ၊ ၄ နှစ် ချုပ်ဆိုတာမျိုး မဟုတ်တော့ပဲ အရည်အသွေးမြင့် လူငယ်ကစားသမားတွေကို ၇ နှစ် သက်တမ်းရှိတဲ့ စာချုပ်တွေ ၅ နှစ် + ၁ နှစ် စတဲ့ သက်တမ်းရှည် တဲ့ စာချုပ်တွေချုပ်ဆိုပြီး ခေါ်ယူလာခဲ့တယ် ။ ခုနောက်ပိုင်း အဲ့လို သက်တမ်းရှည် စာချုပ်တွေနဲ့ ကစားသမား သစ်တွေကို အမြဲလိုလို ခေါ်ယူတက်တဲ့ အသင်းကတော့ ချဲလ်ဆီး အသင်းပဲဖြစ်ပါတယ် ။ ဒီလို အလားအလာကောင်းတွေပိုင်ဆိုင်ထားပြီး အရည်အသွေးမြင့် ကစားသမားတွေကို သက်တမ်းရှည် စာချုပ်ချုပ်ဆိုတာ ချဲလ်ဆီး အသင်းတစ်သင်း ထဲတော့မဟုတ်ပါဘူး ။ အခြား ဥရောပ အသင်းတော်တော်များများကလည်း အရည်အချင်းပြည့်ဝ တဲ့ ကစားသမားတွေကို ဆိုရင် သက်တမ်းရှည်စာချုပ်တွေ ချုပ်ဆိုပြီး ခေါ်ယူလာခဲ့ကြပါတယ် ။
ဒီလိုနှစ်ရှည်စာချုပ်တစ်ခုချုပ်ဆိုထားပြီး အခြားအသင်း တွေရန်ကနေ ကင်းလွတ်အောင်ပြုလုပ်ထားတာပဲဖြစ်ပါတယ် ။ ဒီနေ့တင်ဆက်ပေးသွားမှာကတော့ လက်ရှိဘောလုံးလောကရဲ့ စာချုပ်သက်တမ်း အများဆုံး ကျန်ရှိတဲ့ ကစားသမား ၅ ယောက် အကြောင်းပဲဖြစ်ပါတယ် ။ပထမဆုံး ကစားသမားကတော့ ဘီဘာအို အသင်းရဲ့ အလားအလာကောင်းတွေ အများကြီးကို ပိုင်ဆိုင်ထားတဲ့ လူငယ်ကစားသမားလေး နီကို ဝီလီယံ ကတော့ ဒီစာရင်း ရဲ့ ထိပ်ဆုံးမှာပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။ ဒီကစားသမား က ဒီနွေအပြောင်းအရွှေ့ကာလမှာ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ဖို့အတွက် တော်တော်လေးကို နီးစပ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဘီဘာအို အသင်းနဲ့သာ ၁၀ နှစ်သက်တမ်းရှိတဲ့ သက်တမ်းရှည် စာချုပ်တစ်ခုကို ချုပ်ဆိုသွားခဲ့တာပဲဖြစ်ပါတယ်။ ဒီနွေရာသီမှ သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်တာကြောင့် နီကိုဝီလီယံ နဲ့ ဘီဘာအို အသင်းရဲ့ စာချုပ်သက်တမ်းက ၁၀ နှစ်တောင် ကျန်ရှိသေးတာပဲဖြစ်ပါတယ် ။ ဒုတိယ တစ်ယောက်ကတော့ မန်စီးတီး အသင်းရဲ့ တိုက်စစ်မှူး ဟာလန်းပဲဖြစ်ပါတယ်။ မန်စီးတီး က သူတို့ရဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူး ဖြစ်တဲ့ အာလင် ဟာလန်းကိုဒီနှစ်အစပိုင်းမှာပဲနှစ်ရှည်စာချုပ်တစ်ခုချုပ်ဆိုထားတာပဲဖြစ်ပါတယ် ။ အခုချိန်ထိ ဟာလန်း နဲ့ မန်စီးတီး အသင်းရဲ့ စာချုပ်သက်တမ်းက ၉ နှစ်တောာင် ကျန်ရှိသေးတာပဲဖြစ်ပါတယ် ။ မန်စီးတီး အသင်းက သူတို့ရဲ့ တိုက်စစ်မှူးဖြစ်တဲ့ ဟာလန်း က အသက်အရွယ်ပိုင်းအရလည်း ငယ်ရွယ်သေးသလို ခြေစွမ်းကောင်းတွေကိုတောက်လျောက်ပြသပြီး တစ်ရာသီမှာ ဂိုး ၂၀ ကျော်လောက်ကို အေးအေးဆေးဆေး သွင်းယူပေးနိုင်တာကြောင့် နှစ်ရှည်စာချုပ်တစ်ခု ချုပ်ဆိုထားတာပဲဖြစ်ပါတယ်။
နောက်ထပ် ကစားသမား သုံးယောက်လုံးကတော့ ချဲလ်ဆီး အသင်း ကစားသမားတွေပဲဖြစ်ပါတယ်။ အဲ့ကစားသမားတွေကတော့ ကိုလ်းပါမား ၊ နီကိုလပ်ဂျက်ဆင် နဲ့ ဂျာအိုပက်ဒရိုတို့ပဲဖြစ်ပါတယ်။ ဒီကစားသမား ၃ယောက်လုံးက ချဲလ်ဆီး အသင်းနဲ့ စာချုပ်သက်တမ်းက ၈ နှစ်တောင်ကျန်ရှိသေးတာပဲဖြစ်ပါတယ် ။ ချဲလ်ဆီး အသင်းက ပိုင်ရှင်အသစ်တွေပြောင်းသွားပြီးကတည်း ချဲလ်ဆီး အသင်းရဲ့ ကစားသမားအသစ် ခေါ်ယူတဲ့ ပုံစံတွေ ၊ လစာပေးတဲ့ပုံစံတွေက ပြောင်းလဲသွားခဲ့ပါတယ် ။ ချဲလ်ဆီး အသင်း ကာလရှည်စာချုပ်ချုပ်ဆိုထားတဲ့ ကစားသမားတွေက ဒီသုံးယောက်ထဲ မဟုတ်ပဲ နောက်ထပ် ကစားသမားတွေရှိပါသေးတယ် ။ ချဲလ်ဆီး အသင်းက ဒီနောက်ပိုင်း အရည်အချင်းရှိတဲ့ လူငယ်ကစားသမားတွေကို သက်တမ်းရှည်စာချုပ်တွေချုပ်ဆိုပြီး အသင်းကို ခေါ်ယူနေတာပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#chelsea
#nicowilliams
#erlinghaaland
#colepalmer
#nicolasjackson
#joaopedro
နောက်ဆုံးရသတင်းများ

𝐂𝐡𝐞𝐥𝐬𝐞𝐚 𝐕𝐬 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥 (ပွဲပြီးသုံးသပ်ချက်)

လာမယ့် 𝐅𝐈𝐅𝐀 𝐂𝐥𝐮𝐛 𝐖𝐨𝐫𝐥𝐝 𝐂𝐮𝐩 မှာ ထိပ်တန်းလိဂ်တွေထဲမှ သုံးသင်းအထိဝင်ရောက်ခွင့်ရဖို စတင်ဆွေးနွေး

ဒဏ်ရာကြောင့် 𝟓 ပွဲလောက်အထိလွဲချော်သွားမယ့် 𝐋𝐚𝐦𝐢𝐧𝐞 𝐘𝐚𝐦𝐚𝐥

𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝 𝐕𝐬 𝐒𝐮𝐧𝐝𝐞𝐫𝐥𝐚𝐧𝐝 ( ပွဲကြိုသုံးသပ်ချက် )