သောမက်တူချယ် ရဲ့ England အသင်း ဘယ်လောက်ထိ အောင်မြင်မှုရနိုင်မလဲ?

လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က သောမက်တူချယ်ကို အင်္ဂလန် အသင်းရဲ့ နည်းပြရာထူးခန့်အပ်လိုက်တာကြောင့် ဝေဖန်သံ တော်တော်များများထွက်ပေါ်လာခဲ့ပါတယ်။ ဂျာမနီ နိုင်ငံသားနည်းပြကို အင်္ဂလန် အသင်းရဲ့ နည်းပြဖြစ်ခန့်အပ်ခဲ့တာကြောင့် ဝေဖန်သံ အချို့ကို ကြားရပေမယ့် သောမက်တူချယ်ကတော့ သူ့ အလုပ်ကိုသူ ကောင်းကောင်းလုပ်ပြနေတာပဲဖြစ်ပါတယ်။ အင်္ဂလန် အသင်းက သောမက်တူချယ်ကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးတဲ့ အချိန်ထိ စာချုပ်ချုပ်ဆိုထားတာလည်းဖြစ်ပါတယ်။ သောမက်တူချယ်က အခုချိန်မှာ အင်္ဂလန် အတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲ နှစ်ပွဲကို အကောင်းဆုံး ရလဒ်ထွက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အင်္ဂလန် အသင်းရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုက အင်္ဂလန် အသင်းအတွက်ဆိုရင် အင်မတန် ချောင်တဲ့ အုပ်စုဖြစ်ပြီး အင်္ဂလန် အသင်း က ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုမှာ Latvia ၊ Serbia ၊ Andorra ၊ Albania တို့လို အသင်းတွေပါဝင်နေတာကြောင့် အင်္ဂလန် အသင်းအတွက်တော့ ခက်ခက်ခဲခဲ ဖြစ်စေမယ့် ကိစ္စ တစ်ခုတော့မဟုတ်ခဲ့ပါဘူး။
အခုချိန် သောမက်တူချယ်က အင်္ဂလန် အသင်းအတွက် ပထမဆုံး အဖြစ် Albania နဲ့ Latvia တို့နဲ့ရင်ဆိုင်ခဲ့ရပြီး နှစ်သင်းလုံးကို ကစားပုံကောင်းကောင်းမွန်မွန်နဲ့အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အင်္ဂလန် အသင်းက အရင်ထဲက ခြေစစ်ပွဲ ၊ အုပ်စုပွဲတွေမှာ အခြေအနေ ကောင်းမွန်တက်တဲ့ အသင်းတစ်သင်းဖြစ်တာကြောင့် သောမက်တူချယ်ရဲ့ အင်္ဂလန် အသင်းကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ သောမက်တူချယ် လက်ထပ် အင်္ဂလန် အသင်းရဲ့ တိုးတက်မှုအချို့ကို တွေ့မြင်ခဲ့ရတာပဲဖြစ်ပါတယ်။ အင်္ဂလန် အသင်းရဲ့ လူစာရင်းက ကစားသမားကောင်းများစွာနဲ့ဖွဲ့စည်းထားတဲ့အသင်းတစ်သင်းဖြစ်တာကြောင့် သောမက်တူချယ် အနေနဲ့ အခုလို စွမ်းဆောင်ရည် ကောင်းမွန်ပြီး အလားအလာကောင်းတွေ အများကြီးရှိကြတဲ့ ကစားသမားတွေကို သူတို့နဲ့ လိုက်ဖက်ပြီး အကောင်းဆုံးဖြစ်မယ့် နေရာတွေမှာ နေရာချနိူင်ဖို့က သောမက်တူချယ်အတွက်အရေးအကြီးဆုံးကိစ္စတစ်ခုလည်းဖြစ်ပါတယ်။ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ ကိုလ်းပါးမား နဲ့ ဆာကာတို့ ပြန်ပါလာတဲ့ အချိန် သောမက်တူချယ်က အင်္ဂလန် အသင်းရဲ့ တိုက်စစ်ကို ဘယ်လိုပြင်ဆင်သွားမလဲ ဆိုတာက စောင့်ကြည့်ချင်စရာ ကောင်းနေတာပဲဖြစ်ပါတယ်။
သောမက် တူချယ်လို အရည်အချင်းပြည့်ဝပြီး တစ်ပွဲချင်း ချဥ်းကပ်ပုံ တစ်ပွဲထိုး ကစားကွက် အရမ်းကောင်းမွန်တဲ့ နည်းပြတစ်ယောက်နဲ့ လူငယ် ၊ လူကြီး အချိုးအစားညီညီ ပေါင်းစပ်ထားပြီး ကြယ်ပွင့်ကစားသမားပေါင်းများစွာနဲ့ talent ကစားသမားပေါင်းများစွာ ပါဝင်တဲ့ အင်္ဂလန် အသင်းတို့ ပေါင်းစပ်လိုက်တဲ့ အခါ အောင်မြင်မှုတွေ ဘယ်လောက်ထိ ရရှိသွားမလည်းဆိုတာကတော့ စောင့်ကြည့်ချင်စရာ အကောင်းဆုံးကိစ္စပဲဖြစ်ပါတယ်။ အင်္ဂလန် အသင်းဘယ်လောက်ထိ အောင်မြင်မှုရရှိမလဲဆိုတာ ပြောဖို့ စောသေးတယ်ဆိုပေမယ့် အခုအင်္ဂလန် အသင်းနဲ့ အတူ အုပ်စုမှာ ပါဝင်နေတဲ့ အသင်းတွေက အင်္ဂလန် အသင်းနဲ့ ယှဥ်ရင် အဘက်ဘက်က အားနည်းတဲ့ အသင်းတွေဖြစ်တာကြောင့် အင်္ဂလန် ရဲ့ တကယ့်ခြေစွမ်း အစစ်အမှန်ကို တွေဖို့က စောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်။
အခုနောက်ပိုင်းပြောင်းလဲမှုများစွာ ပြုလုပ်လာပြီး ပုံစံ အသစ်နဲ့ ပြန်လာခဲ့တဲ့ပြင်သစ် အသင်း ၊ နည်းပြအသစ် နဲ့ တိုးတက်လာတဲ့ ဂျာမနီ အသင်း ၊ လူစာရင်းပိုင်းအရမ်းကောင်းမွန်နေတဲ့ ပေါ်တူဂီ အသင်း တို့အပြင် ယူရိုချန်ပီယံ စပိန် အသင်းတို့ကိုသာ အင်္ဂလန် အသင်း အတွက် အဓိက ပြိုင်ဘက် အသင်းတွေဖြစ်ကြပြီး အင်္ဂလန် အသင်း အကောင်းဆုံးရင်ဆိုင်နိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေရော အင်္ဂလန် အသင်း အောင်မြင်မှု ဘယ်လောက်အထိ ရရှိသွားမယ် ထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကော့မန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါအုံး။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
#mmmedia
#england
#thomastuchel
#coach
#worldcup
နောက်ဆုံးရသတင်းများ


ဘာစီလိုနာအသင်းကို တစ်ရာသီအငှားစာချုပ်နဲ့ပြောင်းရွှေ့သွားပြီဖြစ်တဲ့ 𝐌𝐚𝐫𝐜𝐮𝐬 𝐫𝐚𝐬𝐡𝐟𝐨𝐫𝐝

ရာသီစပွဲကြပ်ကာလတွေ နဲ့တောက်လျောက်ရင်ဆိုင်ရမဲ့ 𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝
