UFC ရဲ့ တစ်ဦးတည်းသော မြန်မာ ဖိုက်တာ Joshua Van

Joshua Van ဆိုတာကတော့ UFC ရဲ့ Flyweight တန်းမှာ ထိုးနေတဲ့ မြန်မာနိုင်ငံ သား ချင်းလူငယ်ဖိုက်တာ တစ်ယောက်ပဲဖြစ်ပါတယ်။ Joshua Van ကို ၂၀၀၁ ခုနှစ် ၊ အောက်တိုဘာလ ၁၀ ရက်နေ့ မြန်မာ နိုင်ငံရဲ့ ချင်းပြည်နယ် ဟားခါးမြို့မှာ မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ Joshua Van တို့မိသားစုက ဗန် ရဲ့ အသက် ၁၀ နှစ် အရွယ်မှာပဲ သူတို့ရဲ့ မိသားစု ပိုမို ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရရှိနိုင်ဖို့အတွက် မလေးရှာနိုင်ငံကို စစ်ဘေးရှောင်အဖြစ် ပြောင်းရွှေ့နေထိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။၂ နှစ် အကြာမှာပဲ ဗန်တို့ရဲ့မိသားစုက မလေးရှား နိုင်ငံမှတဆင့် အမေရိကန်နိုင်ငံ ရဲ့ တောင်ပိုင်းရှိ လူနေထိုင်မှု အများဆုံး မြို့တစ်မြို့ဖြစ်တဲ့ ဟူစတန် မြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့တာပဲဖြစ်ပါတယ်။ဗန်က အသက် ၂၁ နှစ် အရွယ်မှာပဲ ufc ကိုရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ ဗန် ရဲ့ အသက်အရွယ်က UFC ဖိုက်တာတစ်ယောက်အတွက် အရမ်းကိုငယ်ရွယ်သေးကြောင်း နာမည်ကြီး ဝါရင့်ဖိုက်တာတော်တော်များများကမှတ်ချက်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။
ဗန်က ၂၀၂၁ ခုနှစ်ကမှ စပြီး ပရိုပွဲကို ပထမဆုံး ထိုးခဲ့တာပဲဖြစ်ပါတယ်။ ဗန်က MMA လောက ထဲကို ဝင်လာတာ ၁၈ လဝန်းကျင်သာ ရှိသေးပေမယ့် အပျော်တမ်းဖိုက်တာ ဘဝ ၊ ပရို ဖိုက်တာဘဝတွေကို ကျော်ဖျက်ပြီး Fury Fighting Championship Flyweight ချန်ပီဆုကို သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီလို ကာလအချိန်တို အတွင်း ဗန်က UFC ကို ပရိုပွဲ စတင်ထိုးပြီး နှစ်နှစ်အကြာမှာပဲ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီလို အချိန်တိုတို နဲ့ လျှင်လျှင်မြန်မြန် UFC ကို ရောက်ရှိဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး ။ ဗန်က စုစုပေါင်း ၁၅ ပွဲအထိ ထိုးခဲ့ပြီး ၂ ပွဲပဲရှုံးထားကာ ၁၃ ပွဲအထိ အနိုင်ရခဲ့တာပဲဖြစ်ပါတယ်။ ဗန်က UFC မှာ ဝင်ရောက်ယှဥ်ပြိုင်ထိုးသတ်နေတဲ့ တစ်ဦးတည်းသော မြန်မာဖိုက်တာတစ်ယောက်လည်းဖြစ်ပါတယ်။ ufc 313 မှာ ဗန်က ဂျပန်ဖိုက်တာ Tsuruya နဲ့ ယှဥ်ပြိုင်ထိုးသတ်ခဲ့ပြီး အမှတ် ပြတ်ပြတ်သားသားနဲ့ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဗန် က Rei Tsuruya ကိုနိုင်ပြီး နိုင်ပွဲဆက်မှတ်တမ်းကို ဆက်လတ်ထိန်းသိမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အမှတ်ပေးဒိုင်လူကြီး (၃) ဦးလုံးက အနိုင်ပေးတဲ့ Unanimous Decision ဖြစ်ပါတယ်။ Rei Tsuruya ရဲ့ ကြေးစားဘဝမှာ ပထမဆုံးရှုံးပွဲကို ဗန် တစ်ယောက် ကောင်းကောင်းကြီးမိတ်ဆတ်ပေးခဲ့တာပဲဖြစ်ပါတယ်။ တကယ်ကို ကြည့်ကောင်းခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ကာ ဗန် က အချီတိုင်းမှာ အသာစီးထိုးနိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံးအချီဆိုရင် ပိုတောင်ကြမ်းပါသေးတယ်။ ပွဲကောင်းတာနဲ့ အမျှ တစ်ယောက်နဲ့ တစ်ယောက် အရှိန်မသေသေးလို့ ပွဲပြီးတာတောင် ကောင်းကောင်းနှုတ်မဆက်ခဲ့ကြပါဘူး။
မြန်မာအလံနဲ့ ပထမဦးဆုံး ထွက်လာတဲ့ ပွဲမှာ ဂျပန်ဖိုက်တာ Tsuruya လိုရှုံးပွဲ မရှိသေးတဲ့ ကစားသမား မျိုးကို ပြတ်ပြတ်သားသား အနိုင်ယူနိုင်ခဲ့တာကတော့ ဗန်အတွက် မမေ့နိုင်စရာ အမှတ်တရ တစ်ခုပဲဖြစ်ပါတယ်။ ဗန်တစ်ယောက် ဒီထပ်မက အောင်မြင်မှုတွေ ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#Flyweight
#JoshuaVan
#UFC
#ChinYoungFighter
နောက်ဆုံးရသတင်းများ

ရာသီစပွဲကြပ်ကာလတွေ နဲ့တောက်လျောက်ရင်ဆိုင်ရမဲ့ 𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝



𝐋𝐮𝐢𝐬 𝐃𝐢𝐚𝐳 ကိုရောင်းထုတ်ပြီး ရီးရဲလ်ရဲ့ ဘရာဇီးတိုက်စစ်ကစားသမား 𝐑𝐨𝐝𝐫𝐲𝐠𝐨 ကိုခေါ်ယူချင်နေတဲ့ 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥