ပက်ဂွာဒီယိုလာရဲ့ မန်စီးတီး အစစ်အမှန်ကို မြင်တွေ့ရနိုင်မလား

Published 3 ပတ် ခန့်က
Article
ပက်ဂွာဒီယိုလာရဲ့ မန်စီးတီး အစစ်အမှန်ကို မြင်တွေ့ရနိုင်မလား

ဘောလုံးသမိုင်းတလျောက် အကောင်းဆုံး နည်းပြတွေ နာမည်ထိုင်ရွတ်ရင်နည်းပြကြီး ပက်ဂွာဒီယိုလာ ရဲ့ နာမည်ကိုချန်ထားခဲ့လိုမရပါဘူး ။ ပက်ဂွာဒီယိုလာ က ကမ္ဘာ့အကောင်းဆုံးနည်းပြ တစ်ယောက်ဖြစ်တယ်ဆိုတာကို ဘာယန်မြူးနစ် ၊ ဘာစီလိုနာ စတဲ့ အသင်းတွေနဲ့ အောင်မြင်မှုများစွာ ယူပြပြီး ကောင်းကောင်းသက်သေပြပြီးသားပါ ။ ပရီးမီးယားလိဂ် ကို ရောက်ရှိလာတဲ့ အချိန်ကြတော့လည်း အသင်းကြီးတစ်သင်းအဖြစ် ကူးပြောင်းနေပြီး ဆုဖလား လမ်းကြောင်းပေါ်ကို တဖြည်းဖြည်း နဲ့ ရောက်ရှိလာခဲ့တဲ့ မန်ချက်စတာစီးတီး အသင်းကို အကောင်းဆုံး ပြန်လည်တည်ဆောက်ပြီး ပရီးမီးယားလိဂ် ကို စိုးမိုးခဲ့တာပဲ မဟုတ်လား ။ ပက်ဂွာဒီယိုလာ ရဲ့ မန်စီးတီး အသင်းက ပရီးမီးယားလိဂ် ကို ကြီးစိုးထားခဲ့တာ အချိန်ဘယ်လောက်တောင်ကြာနေပြီလဲ ။

ဘယ်အသင်းတွေပဲ ဘယ်လောက်ကောင်းလာကောင်းလာ နောက်ဆုံး ချန်ပီယံ ဆုဖလားကို ပက် ရဲ့ မန်စီးတီး အသင်းပဲ အရသိမ်းပိုက်နိုင်တာ မဟုတ်လား ။ ဒီလို ပရီးမီးယားလိဂ် ကို အချိန်တစ်ခုကြာ စိုးမိုးခဲ့တဲ့ ပက် ရဲ့ မန်စီးတီး အသင်းက မနှစ်ကရာသီမှာတော့ အသင်းရဲ့ အဓိက အားထားရတဲ့ ကစားသမားတွေ ရဲ့ အသက်အရွယ် ကြီးလာပြီး ခြေစွမ်းပိုင်းကျဆင်းလာတာတွေ ၊ တစ်ရာသီလုံးနီးပါး ဒဏ်ရာ ပြဿနာ ကြုံတွေ့တာတွေကြောင့် အတော်လေးရုန်းကန်ခဲ့ရတယ် ။ ပက် ရဲ့ မန်စီးတီး အသင်းမှဟုတ်ရဲ့လားမေးရလောက်အောင် နိုင်သင့်တဲ့ ပွဲတွေကို မနိုင် ၊ အမှတ်မဆုံးရှုံးသင့်တဲ့ ပွဲတွေ အမှတ်ဆုံးရှုံး နဲ့ တော်တော်လေးကို တိုင်ပတ်ခဲ့တယ် ။ အရင် က ပက် ရဲ့ မန်စီးတီး အသင်းက အမှားရှားတယ် ။ နိုင်သင့်တဲ့ ပွဲဆို နိုင်တယ် ။ ရမှတ်မဆုံးရှုံးအောင်လည်း အကောင်းဆုံးထိန်းကစားနိုင်တယ် ။ ဒါပေမယ့် ပက် ရဲ့ မန်စီးတီး အသင်းကို မနှစ်က တစ်ရာသီလုံးမှာ မမြင်တွေ့ခဲ့ရပါဘူး ။ ဒီနှစ် ပရီးမီးယားလိဂ် မှာ ငွေသုံးကြမ်းနေကြတဲ့ အသင်းတွေအများကြီးပါ ။ အဲ့ထဲမှာ မန်စီးတီး အသင်းလည်း ပါဝင်ပါတယ် ။ မန်စီးတီး အသင်းက မနှစ်ကဆောင်းရာသီ အပြောင်းအရွှေ့ထဲက ကစားသမားသစ်တွေ ခေါ် ယူအားဖြည့်ခဲ့တဲ့ အပြင် ဒီအပြောင်းအရွှေ့ကာလမှာ အသင်းရဲ့ လိုအပ်ချက်ကို ကောင်းကောင်းနားလည်တာကြောင့် ကစားသမား ကောင်းများစွာ ဝယ်ယူပြီး အသင်းကို အကောင်းဆုံး ပုံစံနဲ့ ပြန်လည်တည်ဆောက်နေတာပဲဖြစ်ပါတယ် ။

မန်စီးတီး အသင်းက ဒီအပြောင်းအ‌ရွှေ့ကာလမှာ အရည်အသွေးမြင့် လူငယ် ကစားသမားတွေ ၊ဝါရင့် ကစားသမားတွေ အပြင် ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းကောင်းရှိပြီးသား ကစားသမားတွေကိုလည်း အရခေါ်ယူထားနိုင်ခဲ့တယ် ။ ပက် ဂွာဒီယိုလာ လို နည်းပြမျိုးကို ဒီလို အပြောင်းအရွှေ့မှာ ငွေပုံပေးကာ သူ့စိတ်ကြိုက်ကစားသမားတွေခေါ် ခိုင်းပြီး အသင်းကို ပြန်လည်တည်ဆောက်လိုက်တာကြောင့် နောက်ရာသီမှာ ပက် ရဲ့ မန်စီးတီး အသင်းကို သတိထားစောင့်ကြည့်ရအုံးမှာပဲဖြစ်ပါတယ် ။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ ပက် ရဲ့ မန်စီးတီး အသင်းက ဒီကစားသမား အစုအဖွဲ့ အသစ်တစ်ခု နဲ့ ရော ပရီးမီးယားလိဂ် ကို နောက်တစ်ကြိမ် ကြီးစိုး နိုင်အုံးမယ်ထင်လား ။ လာမယ့် ရာသီမှာရော ပက် ရဲ့ မန်စီးတီး အစစ်အမှန် ကို ပြန်လည်မြင်တွေ့ရနိုင်လား ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေနွေးပေးသွားကြပါဦး။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။

#mmmedia

#manchestercity

#pepguardiola

#coach

#premierleague

#football

Leave a reply

💬 Join our Telegram
📢 မင်္ဂလာပါ !! Admin ဆီကို တိုက်ရိုက်ပေးပိုပြီး မေးမြန်နိုင်ပါတယ် ရှင် ...