မန်ချက်စတာယူနိုက်တက် အသင်းမှာ အိုနားနားတစ်ယောက် ဘာတွေမှားခဲ့တာလဲ ?

မန်ချက်စတာယူနိုက်တက် အသင်းကို နည်းပြကြီး တန်ဟက် ကိုင်တွယ် နေစဥ်အချိန်လောက်တုန်းကပေါ့ အသင်း ရဲ့ အားကိုးအားထားရတဲ့ ဂိုးသမားတစ်ဦးလည်းဖြစ် ၊မန်ချက်စတာယူနိုက်တက် အသင်းပရိတ်သတ်တွေရဲ့အချစ်တော် ကစားသမားလည်းဖြစ်တဲ့ ဂိုးသမား ဒေးဗစ် ဒီဂီယာ ကို အသင်းကနေထုပ်ပယ်ပြီး အင်တာမီလန် အသင်းရဲ့ ဂိုးသမား အိုနားနား ကို ခေါ်ယူခဲ့တယ် ။ နည်းပြကြီး တန်ဟက်အနေနဲ့ သူ့ရဲ့ ကစားကွက်မှာ Sweeper keeper တစ်ယောက်ကိုလိုအပ်တာကြောင့် ဒီဂီယာ ကို အသင်းကနေထုပ်ပယ် ခဲ့ပြီး အိုနားနားကို အရခေါ်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ် ။ အဲ့ချိန်တုန်းကလည်း အိုနားနား ရဲ့ လက်စွမ်းက အခုလက်ရှိလိုမဟုတ်ပဲ တကယ့်ကို ကောင်းမွန်တဲ့ လက်စွမ်းတွေကို ပြသနိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ယောက်အပါအဝင်ဖြစ်ခဲ့တယ် ။ ဒါပေမယ့် အိုနားနား အနေနဲ့ မန်ချက်စတာယူနိုက်တက် အသင်းကို ရောက်ရှိလာခဲ့တဲ့ အချိန်ကတည်း က လက်စွမ်းတွေတော်တော်လေးကို ကျဆင်းသွားခဲ့တယ်။
အရင်က ပြသခဲ့တဲ့ ကောင်းမွန်တဲ့ လက်စွမ်းတွေကို ပြန်လည်းမမြင်တွေ့ရတော့ပဲ အမှားတွေလည်း ဆက်တိုက်ဆိုသလိုများခဲ့သလို မန်ချက်စတာယူနိုက်တက် အတွက် မှားယွင်းတဲ့ခေါ်ဆိုမှုတစ်ခုဖြစ်ခဲ့တယ် ။ အိုနားနား အနေနဲ့ သူ့ရဲ့ လက်ခံလို့မရတဲ့ အမှားတွေကြောင့် အခုချိန်မှာတော့ တူရကီ ကလပ် အသင်းတစ်သင်းကို အငှားသွားရောက်ကစားရတော့မှာပဲဖြစ်ပါတယ် ။ အခုလက်ရှိ မန်ချက်စတာယူနိုက်တက် အသင်းမှာ အိုနားနား အတွက် နေရာတစ်နေရာဆိုတာမရှိတော့ပါဘူး ။ ဘာတွေကြောင့် ဒီလိုအထိတောင်ဖြစ်သွားတာလဲ ဆိုရင် အိုးနားနား အနေနဲ့ အဘက်ဘက် က ရရှိတဲ့ ဖိအားဒဏ်တွေကို ကောင်းကောင်းကြီး ကိုင်တွယ် မဖြေရှင်းနိုင်လို့ပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် ဆိုတဲ့ အသင်းက ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး နဲ့ အကြီးကျယ် အခမ်းနားဆုံးသော အသင်းတွေထဲက အသင်းတစ်သင်းဖြစ်ပါတယ် ။ အသင်းကြီးချင်းတူတာတောင် မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားအသစ် တစ်ယောက် ခြေစွမ်းမပြနိုင်ရင် ရရှိတဲ့ ပရိတ်သတ်ဖိအား အပြင်အခြားခြားသောဖိအားတွေက ဘယ်အသင်းတွေနဲ့မှ မတူသလို ၊ အခြားအသင်းတွေထက်လည်း ပိုမိုဖိအားများပါတယ် ။
မန်ချက်စတာယူနိုက်တက် အသင်းမှာ ကစားဖို့ဆိုတာ တော်ရုံတန်ရုံ ခြေစွမ်း ၊ ဖိအားတွေကို တော်ရုံတန်ရုံကိုင်တွယ်ဖြေရှင်းနိုင်စွမ်းနဲ့ မရပါဘူး ။ အိုနားနားတစ်ယောက် မန်ချက်စတာယူနိုက်တက် အသင်းမှာ ရင်ဆိုင်ခဲ့ရတာ အဲ့ပြဿနာပါပဲ ။ အိုနားနား အနေနဲ့ ရရှိလာတဲ့ ဖိအားတွေကို အကောင်းဆုံးကိုင်တွယ်မဖြေရှင်းနိုင်ခဲ့ပဲ တစ်ပွဲထက်တစ်ပွဲ ဖိအားတွေပိပြီး အမှားတွေများလာခဲ့တာပဲဖြစ်ပါတယ် ။ အဲ့ဖိအားတွေကြောင့်ပဲ အိုနားနား အနေနဲ့ မန်ချက်စတာယူနိုက်တက် အသင်းမှာ ကစားတဲ့ ပွဲအရေအတွက်ထက် ပေးရတဲ့ ဂိုးအရေအတွက်က ပိုမိုများပြားနေခဲ့တာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#manchesterunited
#andreonana
#goalkeeper
#premierleague
နောက်ဆုံးရသတင်းများ

𝐂𝐡𝐞𝐥𝐬𝐞𝐚 𝐕𝐬 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥 (ပွဲပြီးသုံးသပ်ချက်)

လာမယ့် 𝐅𝐈𝐅𝐀 𝐂𝐥𝐮𝐛 𝐖𝐨𝐫𝐥𝐝 𝐂𝐮𝐩 မှာ ထိပ်တန်းလိဂ်တွေထဲမှ သုံးသင်းအထိဝင်ရောက်ခွင့်ရဖို စတင်ဆွေးနွေး

ဒဏ်ရာကြောင့် 𝟓 ပွဲလောက်အထိလွဲချော်သွားမယ့် 𝐋𝐚𝐦𝐢𝐧𝐞 𝐘𝐚𝐦𝐚𝐥

𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝 𝐕𝐬 𝐒𝐮𝐧𝐝𝐞𝐫𝐥𝐚𝐧𝐝 ( ပွဲကြိုသုံးသပ်ချက် )