ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ကွင်းလယ်ကို အားဖြည့်အုံးမယ့် မန်ချက်စတာယူနိုက်တက်

ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် က သိပ်ကို စိတ်ဝင်စားစရာလည်း ကောင်းသလို ၊ ပြိုင်ဆိုင်မှုလည်း သိပ်ကို ပြင်းထန်လောက်တယ် ။ ဘာလို့လဲ ဆိုရင် ပရီးမီးယားလိဂ် အသင်းအကုန်လုံးနီးပါးက ကြီးမားတဲ့ ပြောင်းလဲပြင်ဆင်မှုတွေကို နွေရာသီ အပြောင်းအရွှေ့ကာလမှာ ပြုလုပ်ခဲ့ကြလို့ပဲ ။ အာဆင်နယ် ၊ လီပါပူး ၊ စပါး စတဲ့ အသင်းတွေက မထင်မှတ်ထားလောက်တဲ့ အသုံးစရိတ်တွေနဲ့ အရည်အသွေးမြင့်ကစားသမားတွေ ၊ ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ကစားသမားကောင်းများစွာကို ခေါ်ယူအားဖြည့်ခဲ့ကြတယ် ။ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ မနှစ်ကဘောလုံးရာသီက အဆိုးဝါးဆုံးရာသီ တစ်ခုဖြစ်ခဲ့ပေမယ့် ဒီအပြောင်းအရွှေ့ကာလမှာ ကစားသမားကောင်းတွေများစွာကိုခေါ်ယူပြီး အသင်းကို တော်တော်လေးပြောင်းလဲပြင်ဆင်မှုတွေပြုလုပ်ထားခဲ့တာပဲဖြစ်ပါတယ် ။ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တာဝန်ရှိသူတွေ အနေနဲ့ သူတို့ရဲ့ နည်းပြဖြစ်တဲ့ အာမိုရင် အပေါ် ယုံကြည်မှုအပြည့်အဝပေးထားခဲ့ပြီး ဒီနှစ်ဘောလုံးရာသီမှာ အကောင်းဆုံးပုံစံတွေနဲ့ ပြန်လာနိုင်ဖို့အတွက် နည်းပြစိတ်ကြိုက်ကစားသမားတိုင်းလိုလို ကိုအရခေါ်ယူပေးနိုင်ခဲ့တယ် ။
မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ဒီအပြောင်းအရွှေ့ကာလမှာ အသင်း ရဲ့ အနာဂတ် အစီစဥ်တွေမှာ မပါဝင်တော့တဲ့ တိုက်စစ်ပိုင်း က ကစားသမားတော်တော်များများကို ရောင်းချနိုင်ခဲ့သလို နည်းပြစိတ်ကြိုက် တိုက်စစ်ကစားသမား ၃ ယောက်လုံးကိုလည်း ဝယ်ယူနိုင်ခဲ့တယ် ။ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ တိုက်စစ် တစ်ခုလုံးကို ပြောင်းလဲပြင်ဆင်လိုက်တာပဲဖြစ်ပါတယ် ။ ဒီနှစ်ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အမ်ဗူမို ၊ ခူညာ ၊ ဆက်စကို စတဲ့ တိုက်စစ်ကစားသမား ၃ ယောက်ကို အရခေါ်ယူပြီး မနှစ်က ဒုက္ခရောက်ခဲ့တဲ့ တိုက်စစ်ပိုင်း ပြဿနာ ကို ဖြေရှင်းနိုင်ခဲ့သလို ဂိုးသမားနေရာအတွက်လည်း အမြဲလိုလို အမှားတွေလုပ်ပြီး ယုံကြည်စိတ်ချလို့မရတဲ့ အိုနားနား ကို အငှားနဲ့ စေလွှတ်နိုင်ခဲ့သလို အရည်အသွေးမြင့်ပြီး အလားအလာကောင်းတွေပိုင်ဆိုင်ထားတဲ့ လူငယ်ဂိုးသမား တစ်ဦးကိုလည်း ခေါ်ယူနိုင်ခဲ့တယ် ။ ရှင်းရှင်းပြောရရင် မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ဒီအပြောင်းအရွှေ့ကာလမှာ အသင်းကလိုအပ်နေတဲ့ နေရာတော်တော်များများမှာကစားသမာအသစ်တွေခေါ်ယူနိုင်ခဲ့ပေမယ့် ကွင်းလယ်နေရာအတွက်တော့ ကစားသမား အသစ်တစ်ဦးမခေါ်ယူနိုင်ခဲ့ပါဘူး ။
အဲ့တာကြောင့်ပဲ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ အချို့ပွဲစဥ်တွေမှာ အခက်အခဲတစ်ချို့နဲ့ ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ အဲ့တာကြောင့် မန်ချက်စတာယူနိုက်တက် အသင်းတာဝန်ရှိသူတွေ အနေနဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာအသင်းကလိုအပ်နေတဲ့ ကွင်းလယ်နေရာအတွက် ကစားသမား အသစ်တစ်ဦးခေါ်ယူဖို့အတွက် ပစ်မှတ်ထားနေတာပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ဘယ်ကွင်းလယ်ကစားသမားတစ်ဦးကို ခေါ်ယူသွားမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#manchesterunited
#midfielder
#transferwindow
#premierleague
#football
နောက်ဆုံးရသတင်းများ

𝐂𝐡𝐞𝐥𝐬𝐞𝐚 𝐕𝐬 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥 (ပွဲပြီးသုံးသပ်ချက်)

လာမယ့် 𝐅𝐈𝐅𝐀 𝐂𝐥𝐮𝐛 𝐖𝐨𝐫𝐥𝐝 𝐂𝐮𝐩 မှာ ထိပ်တန်းလိဂ်တွေထဲမှ သုံးသင်းအထိဝင်ရောက်ခွင့်ရဖို စတင်ဆွေးနွေး

ဒဏ်ရာကြောင့် 𝟓 ပွဲလောက်အထိလွဲချော်သွားမယ့် 𝐋𝐚𝐦𝐢𝐧𝐞 𝐘𝐚𝐦𝐚𝐥

𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝 𝐕𝐬 𝐒𝐮𝐧𝐝𝐞𝐫𝐥𝐚𝐧𝐝 ( ပွဲကြိုသုံးသပ်ချက် )