မန်ချက်စတာယူနိုက်တက် အသင်းခေါ်ယူခဲ့တဲ့ ဈေးအကြီးဆုံး ကစားသမား 5 ယောက်

မန်ချက်စတာယူနိုက်တက် အသင်းက တစ်ခေတ်တစ်ခါ က အင်္ဂလန် ဘောလုံးလောကရဲ့ အကြီးကျယ် အခမ်းနားဆုံး အသင်းတစ်သင်းဖြစ်ခဲ့ပါတယ် ။ အောင်မြင်မှုများစွာကိုလည်း အသင်းတိုင်းကို အနိုင်ယူကာ သိမ်းပိုက်နိုင်ခဲ့ပါတယ် ။ ဒီလိုအောင်မြင်မှုများစွာ ၊ ဆုဖလားပေါင်းများစွာကို သိမ်းပိုက်နိုင်ဖို့ အတွက် အရည်အသွေးမြင့်ကစားသမားတွေများစွာကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေကို အသုံးပြုပြီး အသင်းရဲ့ အစုအဖွဲ့ကို တောင့်တင်းအောင် အမြဲလိုလို ပြုလုပ်တက်တဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ် ။ ဒီနေ့တင်ဆက်ပေးသွားမှာကတော့ သမိုင်း တစ်လျောက် မန်ချက်စတာယူနိုက်တက် အသင်း ခေါ်ယူခဲ့တဲ့ ဈေးအကြီးဆုံး ကစားသမား 5 ယောက်အကြောင်းပဲဖြစ်ပါတယ် ။
ပေါ့ဘာ
အချိန်အတော်ကြာနေပြီဖြစ်ပေမယ့် ဒီစာရင်း မှာ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ကစားသမားကတော့ ပေါ့ဘာပဲဖြစ်ပါတယ် ။ ပေါ့ဘာ က မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပေမယ့် ဂျူဗင်ဒက် အသင်းကို ပြောင်းရွှေ့သွားပြီး ကမ္ဘာ့အဆင့်ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့တာကြောင့် 2016 ခုနှစ်မှာတော့ မန်ချက်စတာယူနိုက်တက် အသင်းက ပေါ့ဘာ အတွက် ယူရို 105 သန်း သုံးပြီး အိုးထရက်ဖို့ဒ် ကို နောက်တစ်ကြိမ် ပြန်လည်ခေါ်ယူခဲ့ရတာပဲဖြစ်ပါတယ် ။
အန်တိုနီ
အန်တိုနီ ကတော့ မန်ချက်စတာယူနိုက်တက် အသင်းပရိတ်သတ်တွေ မျှော်လင့်ချက်ကြီးကြီးမားမား ထားခဲ့ရတဲ့ ကစားသမား တစ်ဦးပဲဖြစ်ပါတယ် ။ တန်ဟက် က မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်လာတဲ့ အချိန် သူ့ရဲ့ တပည့်ဟောင်း ကို ယူရို 95 သန်းအထိ အသုံးပြုပြီး ခေါ်ယူခဲ့ရတာပဲဖြစ်ပါတယ် ။
မက်ဂွိုင်းယား
မက်ဂွိုင်းယား ကတော့ မန်ချက်စတာယူနိုက်တက် အသင်းမှာ ဖိအားတွေကြောင့် ထိုက်သင့်သလောက် ဖြစ်မလာခဲ့တဲ့ ကစားသမား တစ်ဦးပဲဖြစ်ပါတယ် ။ လက်စတာ အသင်းနဲ့ အတူ ပရီးမီးယားလိဂ် ဖလားကြီး ကို ဆွတ်ခူးနိုင်ခဲ့သလို ပြိုင်ပွဲတလျောက်လည်းအသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရတာပဲဖြစ်ပါတယ် ။ မန်ချက်စတာယူနိုက်တက် အသင်းက မက်ဂွိုင်းယား အတွက် ယူရို 87 သန်းအထိ အသုံးပြုခဲ့ရတာပဲဖြစ်ပါတယ် ။
ဆန်ချို
ဆန်ချို အတွက် မန်ချက်စတာယူနိုက်တက် အသင်းက ပြောင်းရွှေ့ကြေး အမြောက်အများပေးခဲ့ရသလို ခေါ်ယူနိုင်ဖို့ အတွက်လည်း အချိန်အတော်လေးကို ပေးခဲ့ရတာပဲ ဖြစ်ပါတယ် ။ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အားနည်းနေတဲ့ တောင်ပံ တစ်ဖက်ကို ဆန်ချို က အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် ထင်သလောက်တော့ ဖြစ်မလာခဲ့ပါဘူး ။ ဆန်ချို အတွက် မန်ချက်စတာယူနိုက်တက် အသင်းက ယူရို 85 သန်းအထိ အသုံးပြုခဲ့ရတာပဲဖြစ်ပါတယ် ။
လူကာကူ
မန်ချက်စတာယူနိုက်တက် အသင်းက သူတို့ရဲ့ တိုက်စစ်ပြဿနာ ကို ဖြေရှင်းနိုင်ဖို့အတွက် အဲဗာတန် အသင်းနဲ့ အတူ ခြေစွမ်းပြပြီး ဂိုးတွေ တဒိုင်းဒိုင်း သွင်းပေးနေတဲ့ လူကာကူ ကို ယူရို 84.7 သန်း အထိ အသုံးပြုပြီး ခေါ်ယူခဲ့ရတာပဲဖြစ်ပါတယ် ။ မန်ချက်စတာယူနိုက်တက် အသင်း က လူကာကူ ကို ဂိုးသွင်းစက် တစ်လုံးဖြစ်ဖို့ မျှော်လင့်ခဲ့ကြပေမယ့် အမှန်တကယ်တော့ ဖြစ်မလာခဲ့ပါဘူး ။
အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောာက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#manchesterunited
#pogba
#anthony
#harrymaguire
#jadonsancho
#lukaku
နောက်ဆုံးရသတင်းများ

𝐂𝐡𝐞𝐥𝐬𝐞𝐚 𝐕𝐬 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥 (ပွဲပြီးသုံးသပ်ချက်)

လာမယ့် 𝐅𝐈𝐅𝐀 𝐂𝐥𝐮𝐛 𝐖𝐨𝐫𝐥𝐝 𝐂𝐮𝐩 မှာ ထိပ်တန်းလိဂ်တွေထဲမှ သုံးသင်းအထိဝင်ရောက်ခွင့်ရဖို စတင်ဆွေးနွေး

ဒဏ်ရာကြောင့် 𝟓 ပွဲလောက်အထိလွဲချော်သွားမယ့် 𝐋𝐚𝐦𝐢𝐧𝐞 𝐘𝐚𝐦𝐚𝐥

𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝 𝐕𝐬 𝐒𝐮𝐧𝐝𝐞𝐫𝐥𝐚𝐧𝐝 ( ပွဲကြိုသုံးသပ်ချက် )