ဘိုင်ယန်မြူးနစ် အသင်းနဲ့ ချဲလ်ဆီး အသင်းတို့ကြားက ရှုပ်ထွေးတဲ့ သဘောတူညီမှု

Published 4 周 前
Article
ဘိုင်ယန်မြူးနစ် အသင်းနဲ့ ချဲလ်ဆီး အသင်းတို့ကြားက ရှုပ်ထွေးတဲ့ သဘောတူညီမှု

နီကိုလပ် ဂျက်ဆင် နဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ ရဲ့ အပြောင်းအရွှေ့က ဒီအပြောင်းအရွှေ့ကာလမှာ တော်တော်လေးကို နာမည်ကြီးသွားခဲ့ပါတယ် ။ နီကိုလပ် ဂျက်ဆင် အနေနဲ့ ဘိုင်ယန်မြူးနစ် အသင်းထံ အငှားသွားရောက် ကစားဖို့အတွက် ချဲလ်ဆီး အသင်း နဲ့ ဘိုင်ယန်မြူးနစ် နှစ်သင်းကြားသဘောတူညီမှု ရရှိခဲ့တာကြောင့် ဆေးစစ်မှုတွေပြုလုပ်ရန်အတွက် ဘိုင်ယန်မြူးနစ် လေဆိပ်ကို ထွက်ခွာသွားခဲ့ပါတယ် ။ ဒါပေမယ့် ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်မှုး ဒီလပ် အနေနဲ့ ဒဏ်ရာရရှိသွားပြီး ၂လ လောက်အနားယူရမှာဖြစ်တာကြောင့် ချဲလ်ဆီး အသင်းအနေနဲ့ အခက်တွေ့ခဲ့ရတယ် ။ အပြောင်းအရွှေ့ကာလက ပိတ်သိမ်းခါနီးဖြစ်တာကြောင့် နောက်ထပ် အသင့်သုံးလို့ရမယ့် တိုက်စစ်မှူး တစ်ဦးကို ရှာဖွေဖို့ဆိုတာက အဆင်မပြေပါဘူး ။အဲ့တာကြောင့်ပဲ ချဲလ်ဆီး အသင်းတာဝန်ရှိသူတွေ အနေနဲ့ ဘိုင်ယန်မြူးနစ်အသင်း နဲ့ သဘောတူညီမှုကို ဖျက်သိမ်းပြီး နီကိုလပ် ဂျက်ဆင် ကို အသင်းထံပြန်လာဖို့ ပြောကြားခဲ့တာပဲဖြစ်ပါတယ် ။

ဒါပေမယ့် နီကိုလပ်ဂျက်ဆင် အနေနဲ့ ဘိုင်ယန်မြူးနစ် အသင်းမှာသာကစားချင်တာကြောင့် ချဲလ်ဆီး အသင်းထံပြန်သွားဖို့ကို ငြင်းဆန်ခဲ့တာပဲဖြစ်ပါတယ် ။ အဲ့နောက် ဘိုင်ယန်မြူးနစ် အသင်းနဲ့ ချဲလ်ဆီး အသင်းတို့ ပြန်လည်ညှိနှိုင်းခဲ့ကြပြီး အပြောင်းအရွှေ့ မပိတ်သိမ်းမှီအချိန်မှာတော့ သဘောတူညီမှု ရရှိခဲ့တာပဲဖြစ်ပါတယ် ။ အစောပိုင်း သိရတဲ့ သတင်းတွေအရ နီကိုလပ် ဂျက်ဆင် အနေနဲ့ ဘိုင်ယန်မြူးနစ် အသင်းထံ ၁ ရာသီ အငှား + မဖြစ်မနေဝယ်ယူခွင့်နဲ့ သဘောတူညီမှု ရရှိသွားခဲ့တာပဲဖြစ်ပါတယ် ။ ဒါပေမယ့် နီကိုလပ် ဂျက်ဆင် ရဲ့ စာချုပ် က ထင်သလောက် မရိုးရှင်းပါဘူး ။ ဘိုင်ယန်မြူးနစ် အသင်းရဲ့ ဥက္ကဌ အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က နီကိုလပ် ဂျက်ဆင် ရဲ့ စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး ရှင်းပြသွားခဲ့ပါတယ် ။ နီကိုလပ် ဂျက်ဆင် ကို ချဲလ်ဆီးအသင်းဆီက တစ်ရာသီ အငှားနဲ့ ခေါ်ယူဖို့အတွက် ၁၆.၅ သန်းအထိ ပေးချေခဲ့ရသလို တစ်ရာသီ အငှား + မဖြစ်မနေဝယ်ယူခွင့်ဆိုတဲ့ သဘောတူညီမှု နဲ့ စာချုပ်ချုပ်ဆိုခဲ့ပေမယ့် စာချုပ်ထဲမှာ နီကိုလပ် ဂျက်ဆင် အနေနဲ့ ဘိုင်ယန်မြူးနစ် အသင်းအတွက် ပွဲ ၄၀ အထိ ပါဝင်ကစားမှသာ မဖြစ်မနေခေါ်ယူရမှာဖြစ်ကြောင်း ပွဲ ၄၀ မပြည့်ပါက မဖြစ်မနေဝယ်ယူရမှာ မဟုတ်ကြောင်းပြောကြားသွားခဲ့တဲ့ အပြင် နီကိုလပ် ဂျက်ဆင်ကို ပွဲ ၄၀ လောက်ကစားခိုင်းဖို့ဆိုတာ မဖြစ်လာနိုင်ကြောင်းပါတစ်ခါထဲပြောကြားသွားခဲ့တာပဲဖြစ်ပါတယ် ။

နီကိုလပ် ဂျက်ဆင်အနေနဲ့ ဟာရီကိန်း ဒဏ်ရာပြဿနာ ကြုံတွေ့တာတို့ ၊ ပွဲပန်းဒဏ်ကို ရှောင်ချင်တာတို့ ၊ အသင်းငယ်တွေနဲ့ တွေ့စုံတဲ့ အချိန်တွေမျိုးမှသာ ပွဲကစားရဖို့ ရှိနေတာပဲဖြစ်ပါတယ် ။ နီကိုလပ် ဂျက်ဆင် အနေနဲ့ ဘိုင်ယန်မြူးနစ် အသင်းမှာ ပွဲ ၄၀ အထိ ကစားသွားပြီး ဘိုင်ယန်မြူးနစ် အသင်းအနေနဲ့ အပြီးသတ်ဝယ်ယူသွားမလား ။ ဒါမှမဟုတ် ပွဲ ၄၀ အထိပေးမကစားပဲ တစ်ရာသီအငှား နဲ့သာ နီကိုလပ် ဂျက်ဆင် ကို ချဲလ်ဆီး အသင်းထံပြန်လည်ပို့ဆောင်သွားမလားဆိုတာကတော့ စောင့်ကြည့်ရအုံးမှာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#bayernmunich

#chelsea

#nicolasjackson

#premierleague

Leave a reply

💬 Join our Telegram
📢 您好!您可以直接向管理員詢問更多資訊…