ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို မချနိုင်ခဲ့တဲ့ အန်ဇိုမာရက်စကာ

အန်ဇိုမာရက် စကာ အနေနဲ့ ဒီနောက်ပိုင်းမှာ ချဲလ်ဆီး အသင်းတိုးတက်ကောင်းမွန်လာအောင်အများကြီးလုပ်ဆောင်ပေးနိုင်ခဲ့တာကြောင့် သူ အသင်းကို စစရောက်းချင်းတုန်းက မကြိုက်နှစ်သက်ခဲ့တဲ့ ပရိတ်သတ်တော်တော်များများကတောင် သူ့ကိုထောက်ခံပေးခဲ့ကြတယ် ။ ရှိတဲ့လူ နဲ့ ကွန်းဖရင့်လိဂ် ဖလားကိုလည်းဆွတ်ခူးပေးနိုင်ခဲ့သလို ၊ ပရီးမီးယားလိဂ် မှာလည်း ချန်ပီယံလိဂ် ဝင်ခွင့်ရရှိရန်အတွက် စွမ်းဆောင်နိုင်ခဲ့တယ် ။ ကလပ်ကမ္ဘာ့ဖလားပွဲစဥ်မှာလည်း ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းလည်းဖြစ် ၊ လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံလည်းဖြစ်တဲ့ ပီအက်ဂျီ အသင်းကို အကောင်းဆုံး ဖျက်စီးပြီး ကလပ်ကမ္ဘာ့ဖလားကြီး ကို ထိုက်ထိုက်တန်တန် သိမ်းပိုက်နိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေက သူ့ကို ပိုပြီးတော့ယုံကြည်လာခဲ့ကြတယ် ။ အန်ဇိုမာရက်စကာက Pre Match plan အရမ်းကောင်းတဲ့ နည်းပြတစ်ယောက်ပဲဖြစ်ပါတယ် ။ တစ်ဖက်ပြိုင်ဘက် အသင်းရဲ့ အားသာချက် ၊ အားနည်းချက်တွေကို အကောင်းဆုံး ပြင်ဆင်ပြီး ကောင်းကောင်းကြီးယှဥ်ပြိုင်ကစားတက်တဲ့ နည်းပြတစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ Pre Match Plan ကအကြောင်းတစ်ခုခုနဲ့ ပျက်စီးသွားပါက ရဲရဲတင်းတင်း နဲ့ လုပ်ဖို့ကိုင်ဖို့ တွန့်ဆုတ်တက်တဲ့ နည်းပြတစ်ယောက်ပဲဖြစ်ပါတယ် ။
အဲ့တာတွေကို ချန်ပီယံလိဂ်ပွဲစဥ်အဖြစ်ကစားတဲ့ ဘိုင်ယန်မြူးနစ် အသင်းပွဲစဥ်ကတည်းကတွေ့မြင်ပြီးသားဖြစ်သလို မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ပွဲစဥ်မှာလည်း နောက်တစ်ကြိမ် ထပ်မံမြင်တွေ့ခဲ့ရတယ် ။ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ပွဲစဥ်မှာ အစောပိုင်း ၄ မိနစ်ပဲရှိသေးတဲ့အချိန် ရောဘက်ဆန်းချက် ရဲ့ မလိုလားအပ်တဲ့ အမှားကြောင့် စောစောစီးစီ အနီကဒ် တစ်ကဒ် ရရှိခဲ့တာကြောင့် အန်ဇိုမာရက်စကာရဲ့ Match Plan က ပျက်စီးသွားခဲ့ရတယ် ။ အဲ့အချိန်မှာ အန်ဇိုမာရက်စကာ အနေနဲ့ ခံစစ်ကို လုံခြုံအောင် ကစားဖို့အတွက်သာ ဆုံးဖြတ်ခဲ့ပြီး တောင်ပံကစားသမားတွေဖြစ်တဲ့ နက်တို နဲ့ အက်စတာဗို နှစ်ယောက်လုံးကို လူစားလဲပြီး ခံစစ် ၅ ယောက်အနေအထားနဲ့ ကစားခဲ့တယ် ။ ဒါပေမယ့် အစောပိုင်း ကာလတွေကတည်းက လိုအပ်ချက်ရှိနေတဲ့ ချဲလ်ဆီး အသင်းရဲ့ နောက်တန်းက ၁၀ယောက် ၁၁ ယောက်ဖြစ်နေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို မရပ်တန့်နိုင်ပဲ ၂ ဂိုးခွင့်ပြုခဲ့ရတယ် ။ ဒါပေမယ့် ပထမပိုင်းပြီးခါနီး ကက်စမဲရိုး နှစ်ဝါတစ်နီ နဲ့ ထုပ်ခံရပြီး အန်ဇိုမာရက်စကာ ဆီမှာ ပွဲကိုပြောင်းလဲပစ်ဖို့အတွက် အချိန်လုံလုံလောက်လောက်ရရှိခဲ့တယ် ။ ဒါပေမယ့် အစိုးရိမ်လွန်တဲ့ အန်ဇိုမာရက်စကာကြောင့် တိုက်စစ်ဖွင့်ဆော့ရမယ့် အချိန်တွေမှာ ခံစစ်၅ယောက် နဲ့ ၂၅ မိနစ်လောက်အထိ ဖြုန်းပစ်ခဲ့တာကတော့ အရမ်းကိုနှမြောဖို့ကောင်းပါတယ် ။
အန်ဇို မာရက်စကာ ရဲ့ ကွင်းအတွင်း လူစားလဲမှု ၊ ဆုံးဖြတ်ချက် စတာတွေက အခုချိန်ထိ လိုအပ်ချက်ရှိနေတုန်းဆိုတာကတော့ လက်ခံရပါတယ် ။ တိုက်စစ်ဖွင့်ဖို့လိုအပ်တဲ့ အချိန် ခံစစ်ကစားသမားထည့်ဆော့တာတွေ ၊ ဂိုးတွေထပ်ပေးရမှာ စိုးရိမ်ပြီး ခံစစ်ကို သတိထားဆော့ကာ တိုက်စစ်ဖွင့်ဖို့မေ့လျော့နေခဲ့တာတွေက ချဲလ်ဆီး အသင်းကို အခုပွဲမှာ ရှုံးနိမ့်စေခဲ့ပါတယ် ။ အန်ဇိုမာရက်စကာအနေနဲ့ ၁၀ ယောက် ၁၀ယောက်ဖြစ်နေတဲ့အချိန် ၂-၀ နဲ့ရှုံးနိမ့်နေပြီးသားဖြစ်တာကြောင့် တိုက်စစ်ပဲဖွင့်ဆော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသားချခဲ့ပါက ဒီပွဲကတစ်မျိုုးတစ်ဖုံပြောင်းလဲသွားနိုင်ပါတယ် ။ လက်ရှိ အချိန်မှာတော့ အန်ဇိုမာရက်စကာ ရဲ့ မပြတ်သားနဲ့ ဆုံးဖြတ်ချက်တော်တော်များများ ကို တွေ့မြင်ခဲ့ရတာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#chelsea
#enzomaresca
#coach
#premierleague
#conferenceleague
最新消息

切爾西 𝐕𝐬 利物浦(賽後回顧)

開始討論允許最多三支頂級聯賽球隊參加即將舉行的歐冠聯賽

因傷缺席5場比賽

曼徹斯特聯隊桑德蘭主場迎戰曼城(比賽預覽)