ယူရိုပါလိဂ် နဲ့ ကွန်းဖရင့်လိဂ် နှစ်ခုလုံးကို ရရှိနိုင်တဲ့ အန်တိုနီ

အန်တိုနီ ဆိုတာ အေဂျက် အသင်းနဲ့ အတူ တောက်ပလာခဲ့တဲ့ ကစားသမား တစ်ယောက်ဖြစ်ပြီး အေဂျက်အသင်းမှာပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ဥရောပ အသင်းကြီးတော်တော်များများ ရဲ့ စိတ်ဝင်တစားစောင့်ကြည့်ခံခဲ့ရတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အန်တိုနီက သူ့ရဲ့ ဆရာဟောင်းဖြစ်တဲ့ တန်ဟက် ကိုင်တွယ်နေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ နဲ့ ပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ နည်းပြ တန်ဟက် တို့ရဲ့ မျှော်လင့်ချက်ကြီးကြီးမားမား ထားပြီး ခေါ်ယူခဲ့တဲ့ အန်တိုနီက မန်ချက်စတာယူနိုက်တက် အသင်းမှာတော့ ထင်ထားသလို ခြေစွမ်းမပြသနိုင်ခဲ့ပါဘူး ။
မာမာထန်ထန် နဲ့ PHYSICAL ဦးစားပေးပြီး တောင်းဆိုချက် အရမ်းများတဲ့ ပရီးမီးယားလိဂ်မှာတော့ အန်တိုနီ တစ်ယောက် ဘယ်လိုမှ အသားမကျခဲ့ပါဘူး။ အဲ့တာကြောင့်ပဲ မန်ချက်စတာယူနိုက်တက် အသင်းမှာ အန်တိုနီ ရဲ့ ခြေစွမ်းက ဘယ်လိုမှ အားရစရာ မရှိခဲ့ပါဘူး။ ဒါကြောင့်ပဲ ဆရာဟောင်း တန်ဟက် လက်ထပ်မှာတောင် မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပွဲထွက်ခွင့်မရရှိခဲ့ပဲ ချောင်ထိုးခံခဲ့ရတာပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြ အသစ်ဖြစ်လာတဲ့ အာမိုရင် လက်ထပ်မှာလည်း နည်းပြ စိတ်ကြိုက်ကစားသမား တစ်ဦး မဖြစ်ခဲ့တာကြောင့် ပွဲထွက်ခွင့်တွေ ဝေးကွာခဲ့ရပါတယ် ။ ဒါကြောင့်ပဲ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာတော့ စပိန်လာလီဂါ ကလပ် အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်ဘက်တစ် အသင်းကို အငှားနဲ့ပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။ အန်တိုနီ က ဘက်တစ် အသင်းမှာ သူရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပြန်လည်ပြသနိုင်ခဲ့ပြီး သူရဲ့ အရေးပါတဲ့ ဂိုးဖန်တီးမှုတွေ သွင်းဂိုးတွေနဲ့ အကြိမ်ကြိမ် ကယ်တင်နိုင်ခဲ့တာပဲဖြစ်ပါတယ် ။ အန်တိုနီ က ဘက်တစ် အသင်းအတွက် ဂိုးပါဝင်ပတ်သတ်မှု ၁၀ ကြိမ် အထိ ရှိနေတာပဲဖြစ်ပါတယ်။ အန်တိုနီက ဘက်တစ် အသင်းအတွက် ၁၉ ပွဲ ကစားပြီး ၆ဂိုးသွင်းကာ ၄ ဂိုးဖန်တီးထားနိုင်တာပဲဖြစ်ပါတယ်။ အဲ့တာအပြင် အန်တိုနီ ရဲ့ ဘက်တစ် အသစ်က ကွန့်ဖရင့်လိဂ် ဆီမီးဖိုင်နယ် အဆင့်မှာ ဖီအိုတီးနား အသင်းကို ၂-၁ နဲ့ အနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်ပြီး ဖိုင်နယ်ကို ရောက်ရှိဖို့ တော်တော်လေး အခြေအနေကောင်းနေတာပဲဖြစ်ပါတယ် ။ အလားတူပဲ အန်တိုနီ ရဲ့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက် အသင်းကလည်း ယူရိုပါလိဂ် ဆီးမီးဖိုင်နယ် အဆင့်မှာ စပိန် ကလပ် အသင်းတစ်သင်းဖြစ်တဲ့ ဘီဘာအို အသင်းကို 3-0 နဲ့ အနိုင်ရရှိခဲ့တာကြောင့် ဖိုင်နယ်ကို တက်လှမ်းဖို့ အဆင့်သင့်ဖြစ်နေတာပဲဖြစ်ပါတယ်။
အန်တိုနီက ဘက်တစ် အသင်းရဲ့ ကွန်းဖရင့်လိဂ် တစ်လျောက်မှာ အဓိက အရေးပါတဲ့ ကစားသမား တစ်ယောက်အနေနဲ့ ပါဝင်ခဲ့ပြီး အသင်းဟောင်းမန်ချက်စတာယူနိုက်တက် အသင်းရဲ့ ယူရိုပါလိဂ် တစ်လျောက်မှာလည်း ပါဝင်ခဲ့တာကြောင့် တကယ်လို့ မန်ချက်စတာယူနိုက်တက် အသင်းက ယူရိုပါလိဂ် ချန်ပီယံဖြစ်ခဲ့ပြီး ဘက်တစ် အသင်းအနေနဲ့က လည်း ကွန်းဖရင့်လိဂ် ဆုဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ပါက အန်တိုနီက ယူရိုပါလိဂ်ဆွဲပြားရော ကွန်းဖရင့်လိဂ် ဆွဲပြားရော နှစ်ခုလုံးကို ရရှိသွားမှာပဲဖြစ်ပါတယ်။ အခုတင်ဆက်ပေးသွားတာကတော့ ယူရိုပါလိဂ် ဆွဲပြားရော ကွန်းဖရင့်လိဂ် ဆွဲပြားရော နှစ်ခုလုံးကို ရရှိသွားနိုင်တဲ့ အန်တိုနီ အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#europaleague
#comferenceleague
#antony
#rightwinger
#footballer
最新消息



