ခေါင်းမာလွန်းတဲ့ အာမိုရင် ရေရှည်မှာ အဆင်ပြေပါ့မလား?

မန်ချက်စတာယူနိုက်တက် အသင်း က မနှစ်ကဘောလုံးရာသီ က ရလဒ်ပိုင်းတွေ ဆိုးဝါးနေပြီး အသင်းနဲ့ လုံးဝအဆင်မပြေတော့တဲ့ နည်းပြ တန်ဟက်ကို ရာသီဝက်မှာ အသင်းကနေထုပ်ပယ်ပြီး စပို့တင်း အသင်းမှာ အကောင်းမွန်ဆုံး စွမ်းဆာင်းရည်တွေကို ပြသနေတဲ့ လူငယ်နည်းပြ အာမိုရင် ကို နည်းပြအဖြစ်ခန့်အပ်ခဲ့ပါတယ် ။ အာမိုရင် ဟာ သူကကောင်းမွန်တဲ့ နည်းပြတစ်ယောက်ဖြစ်ကြောင်း ကို အသင်းဟောင်း စပို့တင်း အသင်းမှာကောင်းကောင်းကြီး သက်သေပြပြီးသားပဲဖြစ်ပါတယ် ။ စပို့တင်းမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် မန်ချက်စတာယူနိုက်တက် အသင်းက နည်းပြအဖြစ်ခဲ့အပ်ခဲ့ပြီး အာမိုရင် တစ်ယောက် မန်ချက်စတာယူနိုက်တက် အသင်းကို ရောက်ရှိလာတဲ့ အချိန်မှာလည်း သူရဲ့ စိတ်ကြိုက်ကစားကွက်လည်းဖြစ် ၊ စပို့တင်း အသင်းမှာ အကောင်းမွန်ဆုံး လုပ်ပြနိုင်ခဲ့တဲ့ ကစားကွက်လည်းဖြစ်တဲ့ ၃-၄-၂-၁ ကိုသာဆက်လက် အသုံးပြုခဲ့တယ် ။
ဒါပေမယ့် ဒီကစားကွက်က ပရီးမီးလိဂ်လိုလိဂ်မျိုးမှာ ကောင်းကောင်းကြီး အလုပ်မဖြစ်တဲ့ အပြင် လက်ရှိမန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကစားသမားအစုအဖွဲ့နဲ့လည်း သိပ်ပြီးတော့အံမဝင်ပါဘူး ။ ဒီကစားကွက်နဲ့ ကောင်းကောင်းကြီး အလုပ်မဖြစ်ဘူးဆိုတာကို မနှစ်ကဘောလုံးရာသီကတည်းက တွေ့မြင်ပြီးသားပဲဖြစ်ပါတယ် ။ မနှစ်ကဘောလုံးရာသီ က မန်ချက်စတာယူနိုက်တက် အသင်းအတွက် အဆိုးဝါးဆုံး ရာသီတွေထဲကတစ်ခုဖြစ်ခဲ့ပြီး ဆုဖလားလက်မဲ့ရာသီတစ်ခုလည်းဖြစ်ခဲ့သလို တော်တော်လေးကိုလည်း ရုန်းကန်ခဲ့ရပါတယ် ။ အဲ့တာကြောင့် မန်ချက်စတာယူနိုက်တက် အသင်းတာဝန်ရှိသူတွေ အနေနဲ့ အာမိုရင် အတွက် တိုက်စစ်ကစားသမား ၃ ဦးကိုဝယ်ယူပေးပြီး အသင်းကို အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ဖို့အတွက် မျှော်လင့်ခဲ့ကြတာပဲဖြစ်ပါတယ် ။ ဒါပေမယ့် လက်ရှိအချိန်ထိ မန်ချက်စတာယူနိုက်တက် အသင်းက ကောင်းမွန်တဲ့ အချိန်တစ်ခုကို မရောက်ရှိသေးပါဘူး ။ မန်ချက်စတာယူနိုက်တက် အသင်း ရဲ့ နည်းပြ အာမိုရင် အနေနဲ့ လက်ရှိအချိန်မှာ ဖိအားတွေတော်တော်လေးများနေခဲ့သလို ၊ သူ့အတွက် အခက်ခဲဆုံးအချိန်တစ်ခုကို ဖြတ်ကျော်နေရတာပဲဖြစ်ပါတယ် ။ အာမိုရင် ရဲ့ စိတ်ကြိုက်ကစားကွက်ဖြစ်တဲ့ ၃-၄-၂-၁ က Wing back ကစားသမားတွေရဲ့ အရည်အသွေးကို အပြည့်အဝအသုံးချရတဲ့ ကစားကွက်ဖြစ်ပြီး မန်ချက်စတာယူနိုက်တ်က အသင်းပိုင်ဆိုင်ထားတဲ့ Wing back ကစားသမားတွေဖြစ်တဲ့ ဒိုဂူ နဲ့ ဒါးလော့ တို့က ဒီကစားကွက်နဲ့ ကောင်းကောင်းကြီး အံဝင်အောင်မကစားနိုင်တဲ့ အပြင် ကွင်းလယ်မှာလည်း တစ်ကွင်းလုံးကို လိုက်ဖြည့်ဆော့ပေးနိုင်တဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ကို မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ မပိုင်ဆိုင်ထားပါဘူး ။
ဒါကြောင့် မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ အခြေအနေတွေဆိုးဝါးနေခဲ့ပြီး ရုန်းကန်နေရတာပဲဖြစ်ပါတယ် ။ အာမိုရင် အနေနဲ့ ဒီကစားပုံ ၊ ကစားကွက် နဲ့အဆင်မပြေတာ သိသိကြီးနဲ့ ခေါင်းမာပြီး သူကစားပုံကို မပြောင်းလဲပေးနိုင်ဘူးလို့ပြောကြားခဲ့ပါတယ် ။ အာမိုရင် အနေနဲ့ မန်ချက်စတာယူနိုက်တက် အသင်းကို အကောင်းမွန်ဆုံးပုံစံတွေနဲ့ ပြန်လာနိုင်ဖို့ နဲ့ သူ့ရဲ့ မန်ချက်စတာယူနိုက်တက် နည်းပြရာထူးကို မထိခိုက်ဖို့အတွက်ဆိုရင် သူ့ရဲ့ ခေါင်းမာတာတွေကို လျော့ချဖို့လိုအပ်နေတာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကကိုကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#manchesterunited
#rubenamorim
#coach
#premierleague
#football
最新消息

切爾西 𝐕𝐬 利物浦(賽後回顧)

開始討論允許最多三支頂級聯賽球隊參加即將舉行的歐冠聯賽

因傷缺席5場比賽

曼徹斯特聯隊桑德蘭主場迎戰曼城(比賽預覽)