နော်တင်ဟမ်ဖောရက် အသင်းရဲ့ နည်းပြဖြစ်လာတော့မယ့် ပိုစေလိုဂလူး

ပိုစေဂို ဂလူး က မနှစ်ကဘောလုံးရာသီမှာပဲ ဆုဖလားတွေနဲ့ အချိန်တစ်ခုကြာ ဝေးကွာနေတဲ့ တော်တင်ဟမ်စပါး အသင်းကို ဥရောပ ဖလားတစ်လုံး ရရှိစေရန်အတွက် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြတစ်ဦးပဲဖြစ်ပါတယ် ။ ပိုစေလိုဂလူး ရဲ့ စပါး အသင်းက ယူရိုပါလိဂ်ဖလား တစ်လုံးကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ် အဆင့်ဇယား ရပ်တည်မှုမှာတော့ တော်တော်လေးကို အောက်ကျခဲ့တယ် ။ မနှစ်ကဘောလုံးရာသီက စပါးအသင်းအနေနဲ့ တော်တော်လေးကို တိုင်ပတ်ခဲ့တဲ့ ဘောလုံးရာသီ တစ်ခုလို့ပဲပြောရမယ် ။ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့ရပြီး အသင်းကြီးတစ်သင်း နဲ့ မလိုက်ဖက်တဲ့ခြေစွမ်း ၊ အသင်းကြီး တစ်သင်းနဲ့ မလိုက်ဖက် တဲ့ စွမ်းဆောင်ရည် ၊ အသင်းကြီးတစ်သင်းနဲ့ မလိုက်ဖက်တဲ့ ကစားပုံ ၊ ကစားကွက်တွေ နဲ့အတူ တော်တော်လေးကို ဒုက္ခရောက်နေတဲ့ ကြားထဲကနေ ယူရိုပါလိဂ်ဖလားတစ်လုံးကို အရသိမ်းပိုက်ပြနိုင်ခဲ့တယ် ။
ဒါပေမယ့် တော်တင်ဟမ် စပါး အသင်းတာဝန်ရှိသူတွေအနေနဲ့ အချိန်တစ်ခုကြာ ဆုဖလားတွေနဲ့ ဝေးကွာနေတဲ့ အသင်းကို ဥရောပဖလားတစ်လုံးသိမ်းပိုက်ပြခဲ့တဲ့ နည်းပြတစ်ယောက်ကို ရာသီကုန်မှာပဲ အသင်းကနေထုပ်ပယ်ခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာတော့ ပိုစေလို ဂလူး အနေနဲ့ နော်တင်ဟမ်ဖောရက် အသင်းကို ကိုင်တွယ်ဖို့အတွက် သဘောတူညီမှု ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။ နော်တင်ဟမ် ဖောရက် အသင်းကလည်း မနှစ်ကဘောလုံးရာသီမှာ မထင်မှတ်ထားလောက်တဲ့ စွမ်းဆောင်ရည်တွေနဲ့အတူ အကောင်းဆုံးအသင်းတစ်သင်းအဖြစ်တည်ရှိခဲ့ပါတယ် ။ ဒါပေမယ့် ရာသီကုန်ခါနီးမှ အမှားတစ်ချို့ကြောင့်သာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ကို လွဲချော်သွားခဲ့တာပဲဖြစ်ပါတယ် ။ နူနိုဆန်းတို့စ် ရဲ့ နော်တင်ဟမ် ဖောရက် အသင်းအနေနဲ့ ရာသီ အစ ကနေ အဆုံးထိ အကောင်းမွန်ဆုံးခြေစွမ်းတွေ နဲ့အတူ အသင်းတိုင်းကို အခက်တွေ့အောင်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရာသီပိတ်ခါနီး ပွဲစဥ်တွေမှာ တောက်လျောက်ဆိုသလို အမှားများပြီး ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာကို လွဲချော်ခဲ့တာကြောင့် နော်တင်ဟမ်ဖောရက် အသင်းပိုင်ရှင် နဲ့ နည်းပြ နူနိုဆန်းတို့စ် တို့ကြားမှာ အမြင်မကြည်လင်မှုတစ်ချို့ ဖြစ်ပွားခဲ့ကြတယ် ။ အဲ့အချိန် ကတည်းက နူနိုဆန်းတို့စ် အနေနဲ့ အသင်းကနေ ထုပ်ပယ်ခံရဖို့အတွက် သတင်းအချို့ထွက်ခဲ့ပေမယ့် အမှန်တကယ်တော့ဖြစ်မလာခဲ့ပါဘူး ။
အပြောင်းအရွှေ့ကာလတုန်းကလည်း နူနိုဆန်းတို့စ် က နော်တင်ဟမ်ဖောရက် အသင်းရဲ့ အပြောင်းအရွှေ့လှုပ်ရှားပုံကို ဝေဖန်ခဲ့ပါသေးတယ် ။ နည်းပြနူနိုဆန်းတို့စ် နဲ့ အသင်းပိုင်ရှင်တို့ကြားက အမြင်မကြည်လင်မှုတွေ တဖြည်းဖြည်းနဲ့ များပြားလာခဲ့ပြီး နောက်ဆုံးမှာတော့ နူနိုဆန်းတို့စ် အနေနဲ့ ဖောရက်အသင်းနဲ့ လမ်းခွဲခဲ့ရတာပဲဖြစ်ပါတယ် ။ အဲ့တာကြောင့် လွတ်လပ်နေတဲ့ နော်တင်ဟမ်ဖောရက် အသင်းရဲ့ နည်းပြရာထူးအတွက် နော်တင်ဟမ်ဖောရက် အသင်းတာဝန်ရှိသူတွေအနေနဲ့ တော်တင်ဟမ်စပါးအသင်းကို အဆိုးဆုံးအခြေအနေတွေကနေ ဥရောပဖလားတစ်လုံးယူဆောင်ပေးခဲ့တဲ့ ပိုစေလိုဂလူးကို နည်းပြအဖြစ် ခန့်အပ်ခဲ့တာပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#nottinghamforest
#nunoespiritosanto
#coach
#angepostecoglou
#premierleague
最新消息

切爾西 𝐕𝐬 利物浦(賽後回顧)

開始討論允許最多三支頂級聯賽球隊參加即將舉行的歐冠聯賽

因傷缺席5場比賽

曼徹斯特聯隊桑德蘭主場迎戰曼城(比賽預覽)