Amorim ကို ထပ်ပြီးတော့ အချိန်ပေးသင့်ရဲ့လား?

Published 1 周 前
Article
Amorim ကို ထပ်ပြီးတော့ အချိန်ပေးသင့်ရဲ့လား?

အာမိုရင် ဆိုတာ စပို့တင်း အသင်းမှာ သူ့ရဲ့ လှပပြီး အလွန်ကြောက်စရာကောင်းတဲ့ ကစားပုံ ၊ ကစားကွက်တစ်ခုကြောင့် ဥရောပ အသင်းကြီး တော်တော်များများ သတိထားစောင့်ကြည့်ခဲ့ရတဲ့ နည်းပြတစ်ယောက်ပဲမဟုတ်လား ။ မန်ချက်စတာယူနိုက်တက် အသင်းတာဝန်ရှိသူတွေအနေနဲ့လည်း အသင်း က ရလဒ်ပိုင်းမှာ ဆိုးဝါးနေတဲ့ကြားထဲက အသင်းရှိ ကစားသမားတွေနဲ့ အဆင်မပြေဖြစ်နေတဲ့ နည်းပြ တန်ဟက် ကို ရာထူးကနေ ထုပ်ဖယ်ပြီး အရည်အချင်းတွေ ၊ အလားအလာကောင်းတွေ အများကြီးပိုင်ဆိုင်ထားတဲ့ စပို့တင်း အသင်းရဲ့ လူငယ်နည်းပြ အာမိုရင် ကို နည်းပြအသစ်အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့တယ် ။ မန်ချက်စတာယူနိုက်တက် အသင်းပရိတ်သတ်တွေ အနေနဲ့လည်း တန်ဟက်လက်ထက်မှာ ဆုဖလားတွေ ရနေပေမယ့် မန်ချက်စတာယူနိုက်တက်ဆိုတဲ့ အသင်းဟာ ဒီလို အခြေအနေမျိုး နဲ့ ရှိနေရမယ့်အသင်းတစ်သင်းမဟုတ်တာကြောင့် တန်ဟက်ထက် လူငယ်နည်းပြ အာမိုရင် ကို ပိုပြီးတော့ မျှော်လင့်ခဲ့ကြတယ် ။

ဒါပေမယ့် အာမိုရင် က မန်ချက်စတာယူနိုက်တက် အသင်းပရိတ်သတ်တွေ မျှော်လင့်ထားသလောက် အလုပ်မဖြစ်ခဲ့ပါဘူး ။ မန်ချက်စတာယူနိုက်တက် ဆိုတဲ့ အသင်းက ကစားသမားတွေ ၊ နည်းပြတွေအတွက် ကမ္ဘာပေါ်မှာ ဖိအားအများဆုံး ကလပ်အသင်းတစ်သင်းပဲဖြစ်ပါတယ် ။ ဒီလိုအသင်းမျိုးမှာ အာမိုရင် အနေနဲ့ မလိုလားအပ်ပဲ ခေါင်းမာနေတာတွေက အာမိုရင် အတွက် ကောင်းကျိုးမရှိပါဘူး ။ အာမိုရင် က စပို့တင်း အသင်းမှာ သူအလုပ်ဖြစ်ခဲ့တဲ့ ၃-၄-၂-၁ ကစားကွက် နဲ့ပဲ မန်ချက်စတာယူနိုက်တက် အသင်းကို အကောင်းဆုံတည်ဆောက်ဖို့ကြိုစားခဲ့ပေမယ့် သူ့ရဲ့ စိတ်ကြိုက်ကစားကွက် လည်းဖြစ် ၊ သူ စတင်အလုပ်ဖြစ်ခဲ့တဲ့ နည်းစနစ်လည်းဖြစ်တဲ့ ၃-၄-၂-၁ က ပရီးမီးယားလိဂ် မှာ ထင်ထားသလောက်အလုပ်မဖြစ်ပါဘူး ။ အာမိုရင် အသုံးပြုနေတဲ့ ကစားကွက်က ကမ္ဘာ့အဆင့် Wing Back ကစားသမား တွေလိုအပ်သလို ၊ ကွင်းလယ်မှာလည်း လုပ်အားနှုန်းကောင်းကောင်း နဲ့ နေရာစုံကို လိုက်ကစားနိုင်တဲ့ ကစားသမားတွေလိုအပ်ပါတယ် ။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းမှာ အဲ့လို ကွင်းလယ်ကစားသမားတွေ မရှိသလို ၊ ဒိုဂူ နဲ့ ဒါးလော့ ကလည်း ကမ္ဘာ့အဆင့်ကစားသမားတွေမဟုတ်ပါဘူး ။

ဒီဆောင်းရာသီ အပြောင်းအရွှေ့ရောက်ရင် အာမိုရင် အနေနဲ့ မန်ချက်စတာယူနိုက်တက် အသင်းကို ကိုင်တွယ်တာ တစ်နှစ်ပြည့်ပါပြီ ။ အာမိုရင် အနေနဲ့ အချိန်ကာလ တစ်နှစ်အတွင်းမှာ ပရီးမီးလိဂ် ၂ ပွဲဆက် နိုင်ပွဲရအောင် မစွမ်းဆောင်နိုင်သေးပါဘူး ။ အာမိုရင် အနေနဲ့ ခေါင်းမာလွန်းနေတာလား ။ ဒါမှမဟုတ် မန်ချက်စတာယူနိုက်တက် အသင်းကို ဒီလို အဆိုးဝါးဆုံး အခြေအနေတွေကနေ ကယ်တင်ပေးဖို့ထက် သူ့ရဲ့ စိတ်ကြိုက် ကစားပုံ၊ ကစားကွက် တွေက ပရီးမီးယားလိဂ် နဲ့ အဆင်ပြေပါတယ်ဆိုတဲ့ ဟာကို ပိုပြီး တော့ သက်သေပြချင်နေတာလား ။ မန်ချက်စတာယူနိုက်တက် အသင်း တာဝန်ရှိသူတွေအနေနဲ့ အာမိုရင် ကို အချိန်ထပ်ပေးသင့်ရဲ့လား ?။ ပရိတ်သတ်တွေရော ဘယ်လိုမြင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#rubenamorim

#coach

#manchesterunited

#premierleague

#sporting

Leave a reply

💬 Join our Telegram
📢 您好!您可以直接向管理員詢問更多資訊…