ထရန့် အလတ်ဇန်းနား အာနိုး နေရာမှာ ဘယ်ကစားသမားကိုအစားထိုးသွားမလဲ

Admin
2个月 前
Sport Articles
ထရန့် အလတ်ဇန်းနား အာနိုး နေရာမှာ ဘယ်ကစားသမားကိုအစားထိုးသွားမလဲ

လီပါပူး အသင်းက သူတို့အသင်းရဲ့ ညာနောက်ခံကစားသမား တစ်ဦးလည်းဖြစ် အသင်းအတွက်လည်း အဓိက အရေးပါတဲ့ ကစားသမားတစ်ဦးလည်းဖြစ်တဲ့ ထရန့် အလတ်ဇန်းနား အာနိုး က စာချုပ်သက်တမ်းကုန်တာနဲ့ ရီးရဲလ်မက်ဒရစ် အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားတော့မှာပဲဖြစ်ပါတယ်။ အသင်းရဲ့ အကယ်ဒမီ ကစားသမားတစ်ဦးဖြစ်တဲ့ အာနိုးက လီပါပူး အသင်းနဲ့ နှစ် ၂၀ ကြာဖြတ်သန်းပြီးနောက်မှာတော့ သူ့ရဲ့ စိန်ခေါ်မှု အသစ်အဖြစ် ဥရောပ အအောင်မြင်ဆုံး အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့သွားတော့မှာပဲဖြစ်ပါတယ်။ အာနိုး ရဲ့ စာချုပ်သက်တမ်းက ဂျွန်လ ၃၀ရက်နေ့မှာကုန်ဆုံးမှာဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းကို ဇူလှိုင် လ အစပိုင်းမှာပဲပြောင်းရွှေ့သွားမှာဖြစ်ပါတယ်။


လီပါပူး အသင်းက သူတို့ရဲ့ အဓိကအားထားရတဲ့ ကစားသမားထွက်ခွာသွားပေမယ့် အရန်ကစားသမားတွေဖြစ်ကြတဲ့ Conor Bradley ၊ Joseph Gomez တို့လိုကစားသမားတွေ ရှိပေမယ့် တကယ့် ကမ္ဘာ့အဆင့်မှီ ညာနောက်ခံ ကစားသမားတစ်ဦးကို လိုအပ်နေတာကြောင့် ညာနောက်ခံနေရာ အတွက် ကစားသမား အသစ်တွေကို စတင်ရှာဖွေနေပြီပဲဖြစ်ပါတယ်။ လီပါပူး အသင်းက သူတို့ရဲ့ ပထမဦးစားပေးအနေနဲ့ ဘာယန်လီဘာကူဆင် အသင်းရဲ့ နယ်သာလန် ကစားသမား ဖရင်ပေါင် ကို စိတ်ဝင်စားနေတာပဲဖြစ်ပါတယ် ။ ဖရင်ပေါင် ရဲ့ အခုလက်ရှိ ပေါက်ဈေး က ယူရို သန်း ၄၀ အထိ ရှိနေတာဖြစ်ပြီး ဒီအပြောင်းအရွှေ့က အမှန်တကယ်ဖြစ်လာနိုင်တာပဲဖြစ်ပါတယ်။ ဖရင်ပေါင် က သူတို့ရဲ့ နည်းပြ ဇာဘီ အလိုဆိုက နောက်ရာသီ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြဖြစ်လာနိုင်တာကြောင့် ဖရင်ပေါင်ကလည်း လီဘာကူဆင် အသင်းက ထွက်ခွာဖွယ်ရှိနေတာပဲဖြစ်ပါတယ်။ လီပါပူး အသင်းက သူတို့ရဲ့ ဒုတိယ ပစ်မှတ်အဖြစ် ပရီးမီးယားလိဂ် အသင်းတော်တော်များများ စိတ်ဝင်စားနေကြတဲ့ နော်တင်ဟမ် ဖောရက် ရဲ့ ညာနောက်ခံ ကစားသမား အိန်းနားကို စိတ်ဝင်စားနေတာပဲဖြစ်ပါတယ်။နော်တင်ဟမ် ဖောရက်ရဲ့ အဓိက ကစားသမားဖြစ်တာကြောင့် နော်တင်ဟမ် ဖောရက် အသင်းက ရောင်းချဖို့ဆိုတာ ထင်သလောက်တော့ မလွယ်ကူပါဘူး ။ ဒါအပြင် လီပါပူး အသင်းက စပါးအသင်းရဲ့ ကစားသမား ပိုရိုလို ကိုလည်းစိတ်ဝင်စားနေတာပဲဖြစ်ပါတယ်။


ပိုရိုလို က တကယ်ကို ကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ခေါင်းဆောင်စိတ်ဓာတ် အပြည့်အဝ ရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ် ။ ပရီးမီးယားလိဂ်မှာ အသားကျပြီးသား ကစားသမားတစ်ဦးဖြစ်ပေမယ့် ပိုရိုလို ကလည်း အိန်းနား လိုပဲ စပါး အသင်းက ရောင်းချဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ လီပါပူး အသင်းက စပိန်လာလီဂါ ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဂျီရိုနာ အသင်းရဲ့ ကစာသမား အာရူးနား မားတီးနက် ဆိုတဲ့ အသက် ၂၁ နှစ်အရွယ် စပိန်ကစားသမားကိုလည်း သူတို့ရဲ့ ပစ်မှတ်ထဲမှာထည့်ထားတာပဲဖြစ်ပါတယ်။ စာချုပ်ဖြတ်သိမ်းကြေး အဖြစ်လည်း ပေါင် ၁၂ သန်းခန့်သာ ပေးရမှာဖြစ်တာကြောင့် ဈေးအရမ်းမကြီးပါဘူး။ လီပါပူး အသင်းခေါ်ချင်ရင် ခေါ်ယူလို့ရနိုင်တာပဲဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်မှီ ကစားသမားတွေကို အလိုရှိနေတာကြောင့် ဖရင်ပေါင် နဲ့ ပိုရိုလို တို့က လီပါပူး အသင်းနဲ့ အလိုက်ဖတ်ဆုံး ကစားသမားတွေပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ ဘယ်ကစားသမားက နောက်ရာသီ လီပါပူး အသင်းရဲ့ ညာနောက်ခံနေရာကို ဦးဆောင်သွားမလဲ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါအုံး။အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#trentalexanderarnold

#transferplayer

#liverpool

#rightback

#realmadrid

#xabialonso

Leave a reply